ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်မှ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်မှ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်

===========================================================

မြစ်ကြီးနား မတ် ၁၂

ကချင်ပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌက ကချင်ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်မှအထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကို မတ် ၁၂ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ ၌ ကျင်းပပြုလုပ်သည်။

အခြေခံစားသောက်ကုန်ပစ္စည်းများပေးအပ်ပွဲတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံနှင့် ပြည်နယ်၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တွင် အဓိကအသက်သွေးကြောဌာနတစ်ခုဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် လူပင်ပန်း၊ စိတ်ပင်ပန်းနေကြသော်လည်း မိသားစုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံးလက်တွဲ၍ တာဝန် ကျေပွန်အောင်ဆောင်ရွက်နေကြသည့်အတွက် ယခုလို ချီးမွမ်းဂုဏ်ပြုလိုပါကြောင်း၊ လက်ရှိ မိမိတို့နိုင်ငံ ၏ပကဓိအခြေအနေမှန်ကို သိရှိနားလည်းပြီး မိသားစုစိတ်ဓာတ်ဖြင့် မိမိတို့အလုပ်၊ မိမိတို့တာဝန်ကို လေးစားတန်ဖိုးထားပြီး ပေးအပ်သည့်တာဝန်ကို ကျေပွန်အောင် လက်တွဲဆောင်ရွက်သွားရမည်ဖြစ် ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည် နယ်ရုံးနှင့် မြစ်ကြီးနားခရိုင်ရုံးဝန်ထမ်းများအတွက်လည်းကောင်း၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များဖြစ်ကြ သည့် ဦးမျိုးဆွေနှင့် ဦးတိန့်ဆောင်တို့က မိုးညှင်းခရိုင်နှင့် ဗန်းမော်ခရိုင်တို့ရှိ ဝန်ထမ်းများအတွက်လည်း ကောင်း၊ ပြည်နယ်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေးက ပူတာအိုခရိုင်အတွင်းရှိ ဝန်ထမ်းများ အတွက်လည်းကောင်း ငွေကျပ် (၁၀၆၈၂၅၀၀)တန်ဖိုးရှိ ဆန်၊ ဆီနှင့် ကုလားပဲများကို အသီးသီးထောက် ပံ့ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာဝန်ထမ်းများကလက်ခံရယူခဲ့ကြပြီး ထောက်ပံ့ပေးအပ်မှုအတွက် ဝန်ထမ်း တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။