ကချင်ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ပူတာအိုလေဆိပ်၌စုပေါင်းသန့်ရှင်းရေးဆောင် ရွက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ပူတာအိုလေဆိပ်၌စုပေါင်းသန့်ရှင်းရေးဆောင်   ရွက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

ပူတာအို ဇွန် ၁၉ 

ကချင်ပြည်နယ်၊ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေး တာ၀န်ခံ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦး တိန့်ဆောင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခေါင်လန်ဒီး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်အတူ ဇွန်(၁၈)ရက် နံနက်(၇)နာရီက နယ်မြေခံတပ်မတော်သားများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှု ရေးအသင်းအဖွဲ့များက ပူတာအိုလေဆိပ် လေယာဉ်ပြေးလမ်းအရှေ့ဘက်ရှိ ချုံနွယ်များခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်း စုပေါင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

          ထိုမှတဆင့် ပြည်နယ်၀န်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့ ပူတာအိုလွင်ပြင်ပတ်လမ်းအား  ၂၀၂၁- ၂၀၂၂ဘဏ္ဍာနှစ် မီနီဘတ်ဂျက် ပြည်နယ်ခွင့်ပြုရန်ပုံ ငွေဖြင့် လမ်းအရှည် တစ်မိုင်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ လမ်းဦးစီးဌာန၏ ပူတာအို-မချမ်းဘော့-နမ့်ခမ်း-နောင်မွန်းလမ်းပိုင်းတွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် လမ်း အရှည် လေးဖာလုံ၊ အကျယ်(၁၈)ပေရှိ ကွန်ကရစ်လမ်းခင်းပေးနိုင်ရေးနှင့် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် စက်မှုလက်မှုသိပ္ပံ(ပူတာအို)ကျောင်းသွားလမ်းအရှည်ပေ(၁၆၀၀)အား ကွန်ကရစ်လမ်းဆောင်ရွက်‌ပေးနိုင် ရေးကြည့်ရှုစစ်ဆေးသည်။

     ဆက်လက်၍ ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို)ကျောင်းခန်းမ၌ ကျောင်းအုပ်ကြီး၊ နည်းပြဆရာ/ဆရာမများနှင့်တွေ့ဆုံပြီး  ပြည်နယ်၀န်ကြီးက ဆရာ/ဆရာမများအနေဖြင့် သင်ကြားရေးလုပ်ငန်းများအပြင် အနာဂတ်လူကောင်း၊လူရည်မွန်များ မွေးထုတ် လေ့ကျင့်ပေးနိုင်ရေးကြိုးစားဆောင်ရွက်ပေးကြရန်လိုကြောင်းပြောကြားကာ ကျောင်းအုပ်ဆရာကြီး ဦး မောင်မောင်သန့်က ကျောင်းဖွင့်လှစ်သင်ကြားနိုင်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

        ယင်းနောက် ပြည်နယ်၀န်ကြီးသည် ကျောင်းဝင်းအတွင်း  အလျား (၂၁၁)ပေ၊အနံ (၇၀)ပေ RC နှစ်ထပ် ကျောင်းသားအိပ်ဆောင်နှင့် အလျား (၁၉၂)ပေ၊အနံ(၃၈)ပေနှစ်ထပ်စာသင်ဆောင် တည်ဆောက်ပြီးစီးမှု အ‌ခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ပြည်နယ်၀န်ကြီးက လိုအပ်ချက်များအပေါ်ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ဆက်စပ်နေသော သတင်းများ