(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၌ အရှည်ပေ ၂၅၃၀ ရှိ ဒူဝါဇော်ရစ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်
မြစ်ကြီးနား မတ် ၂၃
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးခဲ့သော စီတာပူရပ်ကွက်အတွင်းရှိ ဒူဝါ ဇော်ရစ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲကို မတ် ၂၃ ရက် နံနက် ၉ နာရီက အဆိုပါ လမ်းသစ်၌ ကျင်းပပြုလုပ် ခဲ့ကြသည်။
ရှေးဦးစွာ ကတ္တရာလမ်းသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက ယနေ့ ဖွင့်လှစ်မည့် ဒူဝါဇော်ရစ်လမ်း အပါအဝင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လမ်းတံတား လုပ်ငန်းများဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး လမ်းသစ်အား တာဝန်ယူဆောင်ရွက်ခဲ့သော White Monolith ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက လမ်းလုပ် ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လမ်းသစ်ကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇေယျာကျော်ထင် ကိုကိုမောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်ကြည်လင်း နှင့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ၊ အခမ်းအနား တက်ရောက်လာသူများနှင့် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းမှူး၊ တပ်မတော်အရာရှိကြီး များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကတ္တရာလမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယနေ့ ဖွင့်လှစ်ခဲ့သော ဒူဝါဇော်ရစ်လမ်းသစ်သည် အရှည်ပေ ၂၅၃၀ နှင့် အကျယ် ၂၄ ပေရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေကျပ် ၃၃၉.၄၄၅ သန်းဖြင့် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကာ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစ်ကြီးနားမြို့၌ စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ကတ္တရာလမ်းသစ် ၁၀ လမ်း၊ ကွန်ကရစ်လမ်း (၁)လမ်း၊ ကတ္တရာထပ်ပိုးလွှာလမ်း (၁၂)လမ်း၊ သဲကျောက်လမ်း (၁)လမ်း တို့ဖြင့် စုစုပေါင်း လမ်းမိုင် (၃)မိုင်ကျော်၊ Box Culvert ၊ ရေပြွန်တံတား (၁၃)စင်းနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းပေါင်း (၃၁)ခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ပြည်နယ်ရန်ပုံငွေဖြင့် နိုင်လွန်ကတ္တရာလမ်းသစ် (၁)လမ်း၊ ကတ္တရာလမ်း (၇)လမ်း၊ ကွန်ကရစ်လမ်း (၂)လမ်း၊ Box Culvert ၊ ရေပြွန်တံတား (၇)စင်းနှင့် အခြားတည်ဆောက်ရေး လုပ်ငန်းပေါင်း (၃၁)ခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ထံမှ သိရှိရသည်။