ဒုတိယသမ္မတ ဦးမြင့်ဆွေ ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲသုတေသနဓာတ်ခွဲခန်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးပညာပေးပြခန်းနှင့် မဂွေဇ – ခေါင်လန်ဖူးလမ်း ဖောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေး

 ဒုတိယသမ္မတ ဦးမြင့်ဆွေ ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲသုတေသနဓာတ်ခွဲခန်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးပညာပေးပြခန်းနှင့် မဂွေဇ – ခေါင်လန်ဖူးလမ်း ဖောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေး

ပူတာအို ဇန်နဝါရီ ၂၉ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ကချင် ပြည်နယ်၊ ပူတာအိုမြို့သို့ရောက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ထို့နောက် ဒုတိယသမ္မတ သည် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူးရုံး သို့ရောက်ရှိပြီး ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲသုတေသနဓာတ်ခွဲခန်းနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်း သိမ်းရေးပညာပေးပြခန်း တို့ကို ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာညီညီကျော်နှင့် တောအုပ်ကြီး ဒေါ်အယ်လ်ကေစီယွန်း တို့က ရှင်းလင်းတင်ပြကြ သည်။ဆက်လက်၍ ဒုတိယသမ္မတ သည် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အုပ်ချုပ် ရေးမှူးရုံး ရှင်းလင်းဆောင်သို့ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် က မြန်မာ နိုင်ငံမြောက်ဖျားဒေသရှိ သဘာဝထိန်းသိမ်းရေးနယ်မြေဆိုင်ရာများ၊ ပူတာအိုခရိုင်၏ သစ်တောဖုံးလွှမ်းမှု အခြေအနေ၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဆိုင်ရာအချက် အလက် များ၊ဥယျာဉ်အတွင်းဇီဝမျိုးစုံမျိုးကွဲများတည်ရှိမှုအခြေအနေ၊ ဥယျာဉ်စီမံအုပ်ချုပ်မှု အခြေ အနေ၊ သုတေသနအခွင့်အလမ်းများနှင့် ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က အပူပိုင်း သစ်တောများမှ အအေးပိုင်း သစ်တောများအထိ တည်ရှိပေါက်ရောက်နေသော ကွဲပြားခြားနားသည့် သစ်တောအမျိုးအစား၊ ပေါက်ရောက်သည့်အပင်မျိုးစုံနှင့် ကျက်စားနေကြသည့် တောရိုင်း တိရိစ္ဆာန်မျိုးစုံတို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရေး၊ ဧရာဝတီမြစ်၏ ရေဝေ ဖြစ် သည့် မလိခမြစ် မြစ်ဖျားခံရာဒေသအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ အပင်နှင့် တိရိစ္ဆာန်မျိုးစိတ်သစ်များရှာဖွေဖော်ထုတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားနိုင်ရေးတို့ကို လမ်းညွှန်မှာကြားသည်။ယင်းနောက် ဒုတိယသမ္မတ သည် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ရုံး ဧည့်သည်တော်မှတ်တမ်းတွင်လက်မှတ်ရေးထိုးသည်။ထို့နောက် ဒုတိယသမ္မတ သည် ခါကာဘိုရာဇီ ဒေသရင်းသစ်ခွမျိုးစိတ်ခြံ ကို ကြည့်ရှု လေ့လာရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တောအုပ်ကြီး ဒေါ်အယ်လ်ကေစီယွန်း တို့က ရှင်းလင်းတင်ပြကြသည်။ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်များဖြင့် ပူတာအို မြို့မှ ခေါင်လန်ဖူးမြို့သို့ရောက်ရှိကြပြီး မြို့နယ်ခန်းမ၌ ဒုတိယသမ္မတ က ခေါင်လန်ဖူးမြို့နယ် အတွင်းရှိ အိမ်ထောင်စု (၈၉၅)စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည်၊ ၁ လီတာဝင် ဆီ (၁) ဘူး၊ ဆား (၂၅) ကျပ်သားစီကို မြို့မိမြို့ဖများဖြစ်ကြ သည့် ဦးဆာရ်ဝမ်ဖေရမ်နှင့် ဦးဂျေဇာဒီး တို့ကို လည်းကောင်း၊ မြို့နယ်အတွင်းရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ(၄၇၂) ဦးအတွက် ကျောင်းဝတ်စုံ(၄၇၂) စုံ နှင့် ဗလာစာအုပ် (၄၇၂) ဒါဇင် ကို ဆရာ ဆရာမများ နှင့် ကျောင်းသူကျောင်းသားများ ကိုယ်စား မြို့နယ်ပညာရေးမှူး ဦးစိုးနီ ကို လည်းကောင်း၊ မြို့နယ်အတွင်းရှိ ဌာနဆိုင် ရာဝန်ထမ်း အိမ်ထောင်စု(၈၃) စုအတွက် တစ်အိမ်ထောင်လျှင် ငါးခြောက် (၂၅) ကျပ်သားစီ ကို ဝန်ထမ်းအိမ်ထောင်စုများကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်း ကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။ယင်းနောက် ဒေသခံတိုင်းရင်းသားများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ထောက်ပံ့သည့် စားသောက်ဖွယ်ရာများနှင့် တပ်မတော်စက်ရုံထုတ် လူသုံး ကုန်ပစ္စည်းများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး က ခေါင်လန်ဖူးမြို့နယ် အုပ်ချုပ်ရေးမှူးထံ ပေးအပ်သည်။ယင်းနောက် ဒုတိယသမ္မတ သည် ခေါင်လန်ဖူးမြို့ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံ များကို ရှင်းလင်းတင်ပြသည်။ဆက်လက်၍ ဒုတိယသမ္မတ သည် ဖုလုံးကျေးရွာသို့ရောက်ရှိပြီး မေခမြစ်ကူး ရီဒမ်းကြိုးတံတားကိုဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။ထို့နောက် ဒုတိယသမ္မတ သည် ခေါင်လန်ဖူး – မဂွေဇလမ်း စီမံကိန်း ရှင်းလင်းဆောင် သို့ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ခေါင်လန်ဖူး – မဂွေဇ လမ်း (၆၅/၄) မိုင်အတွင်းရှိ လမ်း (၀/၀) မိုင်မှ (၅၈/၀) မိုင်အထိ မြေသားလမ်းဖောက်လုပ်မှု၊ (၀/၀) မိုင်မှ (၅၈/၀) မိုင်အကြားရှိ ကျောက်ခင်းလမ်း (၄၄/၀) မိုင် ဆောင်ရွက် ပြီးစီးမှု၊ ကွန်ကရစ်တံတား (၂၈) စင်းဆောင်ရွက်မှု၊ Box Culvert (၁၆၅) စင်း ဆောင်ရွက်မှု၊ ကျောက်စီရေမြောင်း (၁၆၉၉၅) ပေဆောင်ရွက်မှုနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်မည့် မြေသားလမ်း၊ ကျောက်ခင်းလမ်းနှင့် တံတားတည် ဆောက်မည့်အခြေအနေ များကိုလည်းကောင်း၊ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှ က မဂွေဇ – ခေါင်လန်ဖူးလမ်းပေါ်ရှိ တံတားအမှတ် (၁/၄၄) ရီဒမ်း တံတားတည်ဆောက်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ခေါင်လန်ဖူးဒေသသည် ရာသီဥတုဆိုးရွားပြီး တောတောင်ထူထပ်ကာ အတက်အဆင်းအကွေ့အကောက်များပြား သဖြင့် မဂွေဇ – ခေါင်လန်ဖူးလမ်း ဖောက်လုပ်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူး ဂရုပြုဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အချိန်မီပြီးစီးရေးနှင့် ဆောက်လုပ် ရေးဝန်ကြီးဌာနက စတင်တည်ဆောက်လျှက်ရှိသည့် မေခမြစ်ကူး ရီဒမ်းတံတား သစ်အတွက် လိုအပ်သည့် ၂၄ ပေအရှည်ရှိ သံမဏိသံပေါင်များနှင့်ယက်မများ သယ်ယူ မည့်ယာဉ်ကြီးများ အန္တရာယ်ကင်းရှင်းစွာ သယ်ယူပို့ဆောင်နိုင်ရန် အတက်အဆင်း မတ်စောက်သည့်နေရာ များတွင် ဖြေလျှော့ရေးနှင့် အကွေ့အကောက်ကျဉ်းမြောင်းသည့် နေရာများကို ချဲ့ထွင်ပေး နိုင်ရေးတို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။ထို့နောက် ဒုတိယသမ္မတ သည် မဂွေဇ – ခေါင်လန်ဖူး လမ်းတည်ဆောက်ပြီးစီးမှုနှင့် ထပ်မံတည်ဆောက်မည့်ရီဒမ်းတံတားသစ်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆန်းလွတ်ချက် တောင်ကြားမှ မဂွေဇ – ခေါင်လန်ဖူးလမ်း ဖောက်လုပ်လျှက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ယင်းနောက် ဒုတိယသမ္မတ သည်လမ်းဖောက်လုပ်နေသည့် နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ဝန်ထမ်းများနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ အရာရှိစစ်သည်များအတွက် ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်သည်။ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆန်းလွတ်ချက် တောင် ကြားမှ ပူတာအိုမြို့သို့ ပြန်လည်ရောက်ရှိကြပြီး မူလာရှီးဒီကြိုးတံတားကို ကြည့်ရှုလေ့လာသည်။