ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ချီဖွေသာသနာပြု အောင်မြေ(၁/၂)သာသနာပြုဘုန်းတော်ကြီးကျောင်းများသို့ ကထိန်သင်္ကန်ဆက်ကပ်လှူဒါန်း
မြစ်ကြီးနား အောက်တိုဘာ ၂၇ ချီဖွေသာသနာပြု အောင်မြေ(၁/၂)သာသနာပြုဘုန်းတော်ကြီးကျောင်းများသို့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဌာန ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့တောင်တန်းသာသနာပြုကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာ တော်များအား ပြည်နယ်ဝန်ကြီး ချုပ်နှင့်ဇနီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သိမ်ဆင်းဒါနအဖြစ် ဆွမ်း၊ ကွမ်းနှင့် ဝတ္ထုငွေများ လောင်းလှူပူဇော်ခဲ့ကြသည်။ ထို့နောက် တောင်တန်းသာသနာပြု(ဗဟို)ဗိမ္မာန်တော်၌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော်/ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်ဇနီး မိသားစုတို့က ဆရာတော်/ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် ပစ္စည်း (၉)ပါး လှူဖွယ်ပစ္စည်းများ၊ ဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ အနုမောဒနာတရားတော်များ နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ…