ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား အောက်တိုဘာ ၁၉ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ ၊ပြည်နယ် ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၉ ရက် နံနက် ၈နာရီက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းလှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ အုပ်စု အတွင်းရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး စေတီတော်ဂေါပကအဖွဲ့ ဝင်များနှင့်အတူ စေတီတော်ပရဝုဏ်နှင့်ရင်ပြင်တော်ပတ်လည်အား လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘုရားဖူးလာဧည့်သယ်တော်များ စိတ်အေးချမ်းစွာ လာရောက်ဖူးမြော် နိုင်ရေးအတွက် စေတီတော်ပရဝုဏ် သန့်ရှင်းသာယာလှပရေး အမှိုက်နှင့်ခြုံနွယ်များ ခုတ်ထွင်ရှင်း လင်းရန်၊ လှေကားအတက်အဆင်း လက်ရန်းများအား အသစ်ပြန်လည် ပြင်ဆင်မွမ်းမံရန်၊ မိုးရာသီ အတွင်း […]Read More