ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပရေး၊ ပန်းမြို့တော် ဖြစ်လာစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ဝန်ထမ်းများ၏ လိုအပ်ချက်များ
မြစ်ကြီးနား ဇူလိုင် ၂၀ ကချင်ပြည်နယ်အတွင်း စိမ်းလန်းစိုပြေပြီးသန့်ရှင်းသာယာလှပသော မြို့ပြများဖြစ်လာစေရေး၊ မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် စနစ်တကျ စီမံရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၀ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြည်နယ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က စည်ပင်သာယာရေးအဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့မှ အပြည့်အဝစီမံခန့်ခွဲခွင့်ရှိပြီး ပြည်နယ်အတွင်း ဥပဒေရေးဆွဲပြဋ္ဌာန်းကာ လုပ်ကိုင်ဆောင်ရွက်ရသည့် တစ်ခုသော ဌာနဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့များ စိမ်းလန်းစိုပြေသန့်ရှင်း သာယာလှပရေးအတွက် နေ့ရော/ ညပါ ကြိုးပမ်းဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား ကျေးဇူး တင်ဂုဏ်ယူမိပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် [&Read More