ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၌ ပြုလုပ်ကျင်းပသည့် အားကစားပြိုင်ပွဲများတွင် ဆုရအသင်းများအား တက်ရောက်ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား ဇူလိုင် ၁၉ ကချင်ပြည်နယ် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဇူလိုင် ၁၁ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ရာ ဇူလိုင် ၁၈ ရက် ညနေ ၄ နာရီခွဲတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပ ပြုလုပ်သည်။ &Read More