ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီး ဖားကန့်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ဖားကန့် ဇွန် ၂၉ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တူ ဖားကန့်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဇွန်(၂၈)ရက် နံနက် (၁၁)နာရီက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများသည် မိုးညှင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ တာဝန်ရှိသူများနှင့်အတူ မြို့နယ်ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းမှ ဖားကန့်-လုံးခင်းလမ်းပိုင်း(မော်ဝမ်းရပ်ကွက်၊ ရှမ်းမဆီဆိုင်မှ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအထိ) အရှည်ပေ(၉)ထောင်ကျော်ကို လမ်းအကျယ်(၂၄)ပေရှိ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဖားကန့်မြို့အဝင် လမ်းကျဉ်းသည့်နေရာ၌ တောင်နံရံအားဖြို၍ လမ်းတိုးချဲ့ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့်အတူ မော်ဝမ်းရပ်ကွက်အတွင်း ရပ်မိရပ်ဖများ၏ တင်ပြချက်အရ ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများ နေထိုင်လျက်ရှိသည့်လမ်း၊ မူရင်းနှစ်ခြင်းအသင်းတော် ဘုရားကျောင်းသွားလမ်းတို့အား [&Read More