ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်း၍ သတ္တမအကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
မြစ်ကြီးနား ဇူလိုင် ၄ ကချင်ပြည်နယ်တအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုဝင် ဒါယကာ၊ ဒါယကာမများ စုပေါင်း၍ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးတို့က တက်ရောက်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။ &Read More