ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
မြစ်ကြီးနား ဇွန် ၂၃ ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းသားသမီးကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းသုံးပစ္စည်း များနှင့် လုပ်သားဝန်ထမ်းများအတွက် မိုးကာအင်္ကျီနှင့် ခမောက်များပေးအပ်ခြင်း အခမ်းအနား ကို ဇွန် ၂၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က အဖွင့် အမှာစကားပြောကြားပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးတို့က ဝန်ထမ်းသားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ငွေကြေးနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ &Read More