ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမအသစ်များ အား လုပ်ငန်းခွင်အကြို သင်တန်းဆင်းပွဲသို့ တက်ရောက်ဂုဏ်ပြုအားပေး
မြစ်ကြီးနား ဒီဇင်ဘာ ၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမအသစ်များ လုပ်ငန်းခွင်အကြို သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၉ ရက် နံနက် ၁၁ နာရီတွင် မြစ်ကြီးနားတက္ကသိုလ် ဗဟိုခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။ နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမအသစ်များ လုပ်ငန်းခွင်အကြို သင်တန်းဆင်း ဆရာ၊ ဆရာမ များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ သင်တန်းဆင်း ဆရာ၊ ဆရာမအသစ်များ အနေဖြင့် နိုင်ငံတော်နှင့် ပြည်ထောင်စုစိတ်ဓာတ်ပြည့်ဝသည့် လူငယ်၊ လူရွယ်များ မွေးထုတ်ပေးရာ တွင် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများအနေဖြင့် [&Read More