ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားနေမှုကို လိုက်လံကြည့်ရှုအားပေး
မြစ်ကြီးနား ဇွန် ၁ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်နေ့တွင် စတင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည် နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများ စတင်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် အတူ မြစ်ကြီး နားမြို့ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့်ကျောင်းသား/ကျောင်းသူများအား ဆရာ၊ ဆရာမများမှ သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေ မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား သား/သမီးများအတွက် ပညာသင်ကြားခွင့်ရရှိရေး သည် အနာဂတ်တိုင်းပြည်အတွက်နှင့် မိမိတို့ ဘဝအတွက်ပါအရေးကြီးပါကြောင်း၊ စိတ်အေးချမ်းသာစွာ […]ဆက်လက်ဖတ်ရှူရန်