စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆင့်ဆင့်ရှိ ဝန်ထမ်းများအား ကောင်းမွန်မှန်ကန်သည့် အတွေးအခေါ်၊ အသိပညာ၊ ဗဟုသုတတိုးပွားလာစေရေး စာပေဟောပြောပွဲကျင်းပပြုလုပ်ပေး
မြစ်ကြီးနား ဇန်နဝါရီ ၃ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အဆင့်ဆင့်ရှိ ဝန်ထမ်းများအား ကောင်းမွန်မှန်ကန်သည့် အတွေးအခေါ်၊ အသိပညာ၊ ဗဟုသုတ တိုးပွားလာစေရေးနှင့် စာပေကို ဖတ်မှတ်လေ့လာပြီး ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသော နိုင်ငံဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် ဒေသခံစာရေးဆရာများနှင့် စာပေဟောပြောပွဲကို ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်နေ့များတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်း နှင့်စပ်လျဉ်း၍ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေထွန်းအောင်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်မှုဖြင့် မှန်ကန်၍ ဘက်မလိုက်သော ပညာရည် ပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်လာ စေရေး ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း [&Read More