ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်၊နောင်ချိန်းကျေးရွာအုပ်စု ၊အင်ဂန်းကျေးရွာမှ မီးဘေးသင့် မိသားစုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့
မြစ်ကြီးနား ဒီဇင်ဘာ ၅ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စု၊ အင်ဂန်းကျေးရွာ ၌ဒီဇင်ဘာ ၁ ရက်နေ့က ညပိုင်းတွင် မီးလောင်ဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် မိသားစုဝင် (၇)ဦး မီးဘေးသင့်သေဆုံးခဲ့ရာ ကျန်ရစ်သူမိသားစုများအား ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သွားရောက်အားပေးထောက်ပံ့ ခဲ့ကြသည်။ ထို့သို့ ထောက်ပံ့ရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က မီးဘေးသင့်မှု ကြောင့် မိသားစုဝင်များ သေဆုံးခဲ့ရသည့်အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ထပ်တူထပ်မျှ ဝမ်းနည်း မိပါကြောင်း၊ ယနေ့ မိမိတို့အစိုးရအနေဖြင့် ပြည်သူများ၏ ထိခိုက်ဆုံးရှုံးမှုများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းထောက်ပံ့ပေးလျက်ရှိကြောင်း အားပေးစကားပြောကြားပြီး ပြည်နယ်ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် [&Read More