ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်နိုင်ရေး လမ်းလယ်ကျွန်းများ၊ လမ်းဘေးဝဲ/ယာများနှင့် ပန်းခြံများတွင် မြေယာရှုခင်းများ၊ နှစ်ရှည်အရိပ်ရ ပန်းအလှပင်များဖြင့်
မြစ်ကြီးနား နိုဝင်ဘာ၂၉ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသာ ယာလှပလာစေပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ ခရီးသွားများအား စွဲဆောင်သော မြို့ပြတစ်ခုဖြစ်လာ စေရေးအတွက် ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံ မှသိရှိရသည်။ လုပ်ငန်းစီမံချက်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အောင်စေရန်အောင်ဘုရားအနီး ပြည်ထောင်စုလမ်းမကြီး ဘေးရှိ တြိဂံနေရာ၌ မြေယာရှုခင်းနှင့် အလှပန်းပင်များ စိုက်ပျိူးထားရှိမှုကို တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ Read More