ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ နန့်ရင်းရိပ်သာနှင့် ခရိုင်ရဲရုံးလမ်းသစ်တို့အား တက်ရောက်ဖွင့်လှစ်ပေးပြီး ဟိုပင်မြို့၌ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကျင်းပ
မြစ်ကြီးနား မေ ၃ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၂ ရက် နံနက် ၈ နာရီတွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်းဝင်းအတွင်းရှိ နန့်ရင်းရိပ်သာအဆောက်အအုံသစ်အား ဖွင့်လှစ်ပေးကြသည်။ အဆိုပါ နန့်ရင်းရိပ်သာ အဆောက်အအုံသစ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြ သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးမြင့်ထွန်းနှင့် မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နန့်ရင်းရိပ်သာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။ &Read More