ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်(၉)ရပ်ကွက်သို့ ရေပေးဝေရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား ဧပြီ ၁၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြို့နေလူထု သောက်သုံးရေအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ဧရာဝတီမြစ်ရေတင် ရေပေးဝေရေးလုပ်ငန်းနှင့် ကျိန်ခရန်ချောင်းရေ ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဧပြီ ၁၈ ရက် ညနေ ၄ နာရီက စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြည်နယ် စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးတို့က မြစ်ကြီးနား မြို့ ရေပေးဝေရေးလုပ်ငန်းအတွက် သီတာမြစ်ရေတင် ရေပေးဝေရေးစနစ်နှင့် မြို့မ မြစ်ရေတင်ရေပေးဝေရေး စနစ် (၂)ခုဖြင့်လည်းကောင်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ ရန်ပုံငွေ (JICA ODA Loan) […]Read More