ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရအသင်းများ တက်ရောက်ချီးမြှင့်
မြစ်ကြီးနား နိုဝင်ဘာ ၂၉ ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်းဆပ် ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကချင်ပြည်နယ်ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစား၌ ကျင်းပသည်။ အဆိုပါ ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲကို ကလပ်အသင်းပေါင်း ၁၆ သင်းဖြင့် နိုဝင်ဘာ ၂၄ ရက် တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ ဗိုလ်လုပွဲစဉ်အဖြစ် ဦးလှမြင့်ကလပ်အသင်းနှင့် အိုလံဗစ်(ခ) ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ပြည်နယ်အမျိုးသမီးအားကစား ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးခဲ့ကြပြီး ဦးလှမြင့်ကလပ် အသင်းက အနိုင်ရဗိုလ်စွဲသည်။ &Read More