ကချင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မတ် ၂၅ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသ ဖွံ့ဖြိုးရေးအတွက်တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို မတ် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအခြေအနေ၊ စီးပွားရေးအခွင့်အလမ်းအတွက် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်နယ်သူ/ပြည်နယ်သားများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ် များနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုမြင့်မားလာစေရေး စီမံဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မိမိတို့ပြည်နယ်ကောင်စီအနေဖြင့် ကြားကာလ အတွင်းတာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သော်လည်း ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံရေးမငြိမ်မသက်မှုဖြစ်စဉ်များကြောင့် […]ဆက်လက်ဖတ်ရှူရန်