ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေး
မြစ်ကြီးနား သြဂုတ် ၁၁ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နှစ်စဉ်မိုးရာသီရောက်တိုင်း မြစ်ကြီးနား မြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးနစ်မြှုပ်ခြင်းဖြစ်ပေါ်ခဲ့ရာ အဆိုပါ ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေး သြဂုတ် ၁၀ ရက် ညနေ ၅ နာရီတွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်အတူ မြစ်ကြီးနားမြို့ လယ်ကုန်းနှင့် ရမ်ပူရပ်ကွက်တို့တွင် နှစ်စဉ် ဧရာဝတီမြစ် ရေမြင့်တက်ခြင်းနှင့် မိုးအဆက်မပြတ်ရွာသွန်းခြင်းတို့ကြောင့် ရေဝပ်/ ရေလျှံမှု ဖြစ်ပေါ်လေ့ရှိသော နေရာများနှင့် &Read More