ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား ဇူလိုင် ၁၄ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာရေး၊ သွားလာမှုလွယ်ကူလျင်မြန်ပြီး ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် စည်ပင်သာယာ ရေးအဖွဲ့မှ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၃ ရက် ညနေပိုင်း က ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထိုသို့ကွင်းဆင်းစစ်ရေးရာ ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ ရာဒါကောင်းနယ်မြေအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင် ရွက်သွားမည့် တပ်ကုန်းရပ်ကွက် နယ်မြေ(၉)၊ ရာဒါကောင်းနယ်မြေ(၁၁)နှင့် ကြာရာပတ္တီးနယ်မြေ ခြင်းဆက် ဂျူဗလီလမ်း ပေ ၁၀၀၀ အား ကတ္တရာလမ်းအဖြစ် ခင်းကျင်းဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ရာဒါကောင်းနယ်မြေအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် နှစ်ခြင်းဘုရားကျောင်းအဝင် လမ်း ၃၄၀၀ ပေအား ကတ္တရာလမ်းခင်း [&Read More