မြစ်ကြီးနားမြို့စီးပွားရေးဖွံ့ဖြိုးရေးဇုန်စီမံကိန်း မြေနေရာနှင့် စပ်လျဉ်း၍ မြေယာသီးနှံလျော်ကြေး ပေးအပ်နိုင်ရေး ပြည်နယ်စီးပွာရေးရာဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဇူလိုင် ၇ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာအုပ်စုအတွင်း မြစ်ကြီးနားမြို့စီးပွားရေး ဖွံ့ဖြိုးရေးဇုန် စီမံကိန်းမြေနေရာနှင့် စပ်လျဉ်း၍ မြေယာသီးနှံလျော်ကြေးပေးအပ်နိုင်ရေးအတွက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ ဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များ၊ မြေယာပိုင်ရှင်များနှင့် ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းဘက်စုံပူးပေါင်းညှိ နှိုင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးမျိုးဆွေက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်သူ/ သားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ မြစ်ကြီးနားစီးပွားဖွံ့ဖြိုး ရေးဇုန် စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် လျာထားမြေနေရာနှင့် စပ်လျဉ်း၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေယာသီးနှံလျော်ကြေးပေးအပ်နိုင်ရေးအတွက် ပွင့်ပွင့်လင်းဆွေးနွေး ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။ &Read More