ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
မြစ်ကြီးနား မေ ၄ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ခဲ့သည့် ကချင်ပြည်နယ်နေ့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အဖြစ် ကျရောက်မည်ဖြစ်ရာ စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် သမိုင်းဝင်ပြည့်စုံကောင်းမွန်သည့် နှစ်ပတ်လည်မဂ္ဂဇင်း ထုတ်ဝေနိုင်ရေးအတွက် မေ ၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာ စကားပြောကြားသည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ဖြစ်ပေါ်လာခဲ့သည့် ကချင်ပြည်နယ်နေ့သည် လာမည့် ၂၀၂၃ ခုနှစ်တွင် စိန်ရတုနှစ်အဖြစ် ကျရောက်သည့်အတွက် ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သော ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှု၊ [&Read More