ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့၌ တည်ဆောက်ပြီးစီးသည့် အမှတ် (၂)ဈေးသစ်ဖွင့်လှစ်ပေးပြီး အား/ကာသိပ္ပံကျောင်းမြေနေရာအတွက် တောင်သူများအား သီးနှံနစ်နာကြေး ပေးအပ်
မြစ်ကြီးနား အောက်တိုဘာ ၁၂ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တည် ဆောက်ပြီးစီးသည့် အမှတ်(၂)ဈေးသစ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက် နံနက် ၈ နာရီ တွင် ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်၊ ဝါရှောင်သွားလမ်းမဘေးရှိ အဆိုပါ ဈေးသစ်အဆောက် အအုံနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြသည်။ ဈေးသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေး က အမှတ် (၂)ဈေးသစ် တည်ဆောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အမှတ် (၂)ဈေး သစ်ကို တာဝန်ယူဆောက်လုပ်ခဲ့သည့် မြစ်ကြီးနားညီအစ်ကိုများစပ်တူကုမ္ပဏီဥက္ကဋ္ဌ ဦးဇခုန်ယိန်း ချမ်းက အမှတ် (၂)ဈေးသစ် တာဝန်ယူတည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြ [&Read More