ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း ဝန်ထမ်းများ CDM ပါဝင်နေသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းစည်းဝေး
မြစ်ကြီးနား မတ် ၁၇ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း ဝန်ထမ်းများ CDM တွင် ပါဝင်သော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးကို မတ် ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံအတွက် အကျိုးရှိမည့်လုပ်ငန်းများကို ရပ်တန့်မနေဘဲ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်သွားကြရေးနှင့် လုပ်ငန်းဆောင်ရွက်ရာတွင်လည်း ထုတ်ပြန်ထားသည့် ဥပဒေ၊ မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားကြရေးကို လမ်းညွှန်မှာထားပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများကိုလည်း ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ လေးစားလိုက်နာ ဆောင်ရွက်ရေးကို ဌာနအကြီးအကဲများက ကြပ်မတ်ဆောင်ရွက်ရသည့် တာဝန်အရှိဆုံးပုဂ္ဂိုလ်များပင် ဖြစ်ကြောင်း၊ ယနေ့ ဌာနဆိုင်ရာအသီးသီးတွင် အခြေအနေအရပ်ရပ်ကြောင့် CDM တွင်ပါဝင်သော ဝန်ထမ်းများရှိသကဲ့သို့ […]Read More