ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ရင်းနှီးမတည်ပေးခဲ့သော လုပ်ငန်းစီမံကိန်းများမှ
မြစ်ကြီးနား သြဂုတ် ၂၃ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ပြည်နယ်ဖူဆယ်ဘောလုံးဆပ်ကော်မတီ တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဖူဆယ်ဘောလုံးကလပ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ သြဂုတ် ၂၃ ရက် နံနက် ၉ နာရီက ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖူဆယ်ဘောလုံးဝါသနာရှင်များ တက် ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဒူဒူအသင်းနှင့် ထိန်လင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့် ရှုအားပေးခဲ့ကြရာ ဒူဒူအသင်းက ၁၀ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။ &Read More