ကချင်ပြည်နယ်အတွင်း အရည်အသွေးပြည့်ဝမှန်ကန်သော စာရင်းအချက်အလက်ကောက်ယူရေးနှင့် ခရိုင်၊ မြို့နယ်များ၏ ဒေသန္တရစီမံကိန်းလုပ်ငန်းများအဆိုပြုလျာထားရေးဆွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မေ ၂၆ ကချင်ပြည်နယ်အတွင်း အရည်အသွေးပြည့်ဝမှန်ကန်သော စာရင်းအချက်အလက်ကောက်ယူ ရရှိရေးနှင့် ၂၀၂၁ – ၂၀၂၂ ဒေသန္တရစီမံကိန်းလုပ်ငန်းများဆိုင်ရာ အဆိုပြုလျာထားရေးဆွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို မေ ၂၇ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမများ၌ ကျင်းပပြု လုပ်ကြသည်။ ရှေးဦးစွာ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မေခခန်းမ၌ ပြည်နယ်စာရင်း အင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီအစည်းအဝေး ကျင်းပရာ ပြည်နယ်စာရင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က တိကျမှန်ကန်သည့် စာရင်းအင်း အချက်အလက်များ၊ ကိန်းဂဏန်းများအပေါ် အခြေခံ၍ ပြည်နယ်၏ လိုအပ်ချက်များနှင့် လိုက်လျော ညီထွေဖြစ်စေမည့် လက်တွေ့ကျသည့် စီမံကိန်းများဖြစ်ပေါ်လာစေရန် ဌာနဆိုင်ရာများအနေဖြင့် မိမိ ဌာန၏ မြေပြင်စာရင်းများနှင့် အမှန်တကယ်ကိုက်ညီပြီး [&Read More