ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကြီးမှူး၍ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပ ပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မေ ၁၇ ကချင်ပြည်နယ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အားကစား တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကြီးမှူး၍ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပပြုလုပ်နိုင် ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာ ပြည်) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မေ ၁၇ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း ဘက်စုံအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ရာတွင် မြန်မာ့ရိုးရာလက်ဝှေ့ လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ကိုလည်း အလေးထားဆောင်ရွက်ရန်လက်ဝှေ့စိန်ခေါ်ပွဲကို ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုး ရာလက်ဝှေ့ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် မိမိတို့အနေဖြင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးနိုင်ရေးကို ပွင့်လင်းရင်းနှီးစွာ တင်ပြစေလိုပါကြောင်း မှာကြားသည်။ &Read More