ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်မှုများနှင့် ပတ်သက်၍ ထက်၊ လယ်၊ မူကျောင်းအုပ်များနှင့် တွေ့ဆုံ
မြစ်ကြီးနား မေ ၆ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ် ကောင်စီအဖွဲ့ဝင်များနှင့် အတူ မေ ၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ထက်၊ လယ်၊ မူကျောင်းအုပ်များနှင့် တွေ့ဆုံပွဲကျင်းပသည်။ ထက်၊ လယ်၊ မူကျောင်းအုပ်များနှင့် တွေ့ဆုံရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ သား/သမီးများ၏ ပညာရေးသည် မိမိတို့ ပြည်နယ်၏ အနာဂတ်အတွက် အရေးကြီးသလို လူငယ်/လူရွယ်များ၏ ပညာရေးသည်လည်း နိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးပါ ကြောင်း၊ ယနေ့ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ သား/သမီးများ၏ အနာဂတ်အရေးအတွက် သင်ကြားရေးဖြင့် လမ်းမှန်ရောက်အောင် [&Read More