ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မင်းရပ်ဗဟိုဗလီနှင့် မြစ်ကြီးနားမြို့ပေါ်ရှိ ဗလီ(၇)ခုမှ ဘာသာရေးအကြီးအကဲများနှင့် တွေ့ဆုံ
မြစ်ကြီးနား ဧပြီ ၈ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်က မြစ်ကြီးနားမြို့ မင်းရပ်ဗဟို ဗလီနှင့် မြို့ပေါ်ရှိ ဗလီ (၇)ခုမှ အစ္စလာမ်သာဘာရေးအကြီးအကဲများနှင့် တွေ့ဆုံပွဲကို ဧပြီ ၈ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။ တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အစ္စလာမ်ဘာသာ ရေးအကြီးအကဲများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ ငြိမ်းချမ်းလွတ်လပ်စွာနေထိုင်လာကြပါကြောင်း၊ အစ္စလာမ်ဘာသာဝင်များအနေဖြင့်လည်း မိမိ တို့ ကချင်ပြည်နယ်အတွင်း ခေတ်အဆက်ဆက် အတူတကွနေထိုင်လာကြသည့်အတွက် ညီနောင် မိတ်ဆွေများဟု သတ်မှတ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း ဒေသတွင်း ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် တိုင်ပင်ဆွေးနွေးပြီး တည်ငြိမ်အေးချမ်းငြိမ်းချမ်းစွာ [&Read More