ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဥပဒေနှင့်အညီ စည်းကမ်းတကျ ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၇           ကချင်ပြည်နယ်အတွင်း မြန်မာ – တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဥပဒေနှင့်အညီ စစ်ဆေးကြပ်မတ်၍ စည်းကမ်းတကျဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မတ် ၇ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက် အမှာစကားပြော ကြားသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ကချင်ပြည်နယ် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မိုင်ပေါင်း ၆၀၀ ကျော် တစ်ဆက်တစ်စပ်တည်း ဆက်စပ် နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှ တစ်ဆင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိသော အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ဂိတ်များအပြင် ပန်ဝါနှင့် ဖီမော်နယ်စပ်ဂိတ်များကိုလည်း ကုန်စည် စီးဆင်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)၏ စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲသို့တက်ရောက်

မြစ်ကြီးနား မတ် ၆ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)၏ စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအား မတ်လ ၆ ရက်နေ့ နံနက် ၉နာရီခွဲ အချိန်က မြစ်ကြီးနားမြို့ ၊ပမ္မတီးရပ်ကွက် အဆိုပါကျောင်းရှိ ဧရာမြစ်ဆုံခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက် သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “မိမိတို့ ကချင်ပြည်နယ်သည် မြေပေါ် မြေအောက် သယံဇာတများ ပြည့်စုံကုံလုံနေရုံသာမကဘဲ တိုးချဲ့စိုက်ပျိုးရန် မြေလွတ် မြေလပ်များ ရှိနေသေးခြင်း၊ မြေဆီ၊မြေနှစ်ကောင်းမွန်ခြင်း အစရှိသည့် သဘာဝ အားသာချက်များရှိသည့်အတွက် အလယ်အလတ် အဆင့် စိုက်ပျိုးရေးပညာရှင်များဖြစ်တဲ့ ကျောင်းဆင်းမောင်မယ်တို့အနေနဲ့ ‌စျေးကွက် လိုအပ်ချက်နှင့်…

Read More

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းကျင်းပပြုလုပ်

မြစ်ကြီးနား     မတ်  ၅ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး ပြည်နယ်တရားရေးဦးစီးမှူးများ / ခရိုင်တရားသူကြီးများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၏ (၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို မတ်လ ၅ ရက်နေ့ နံနက် ၉:၀၀ နာရီ အချိန်က ကချင်ပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်၊ ပြည်နယ်တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် တရားရုံးများမှ တရားရေး အရာရှိများ၊ တရားသူကြီးများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲတွင် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာမှ ပြည်ထောင်စုတရားသူကြီးချုပ်က အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ…

Read More

ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးစခန်း(မြစ်ကြီးနား)၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းဆင်း

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၈           ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးစခန်း (မြစ်ကြီးနား)၌ မူးယစ်ဆေးဖြတ်ပြီးသူများ အတွက် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း(၂/၂၀၂၂)သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ လယ်ကုန်ရပ်ကွက်ရှိ အဆိုပါစခန်းသင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။           သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက သင်တန်းသားများအနေဖြင့် အမှားကိုသိပြီး အမှန်ပြုပြင်ခဲ့ကြသည့်သူများဖြစ်၍ အားငယ် စရာမလိုဘဲ ဘဝကို အကောင်းဆုံး နှင့် အခက်အခဲများကို ကျော်ဖြတ်နိုင်ပြီး အောင်မြင်မှုရရှိအောင် လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်းနှင့် မိမိတို့အနေဖြင့်လည်း တိုင်းပြည်၏ သားကောင်းများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပစ်ပယ်မထားဘဲ လမ်းမှန်ပေါ်သို့ ပြန်လည် ပြုပြင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။           ယင်းနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြစ်ကြီးနားစခန်းတာဝန်ခံက ဦးမုန်လင်းဂမ် က စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းဖြစ်မြောက်ရေးအတွက်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ သွားရောက်ပါဝင်ခဲ့သည့် ပြည်နယ်ကိုယ်စားပြုအုပ်ချုပ်မှုအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြု

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၅           နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားသို့ သွားရောက်ပါဝင်ခဲ့ကြသော ကချင်ပြည်နယ်ကိုယ်စားပြု အုပ်ချုပ်မှုအဖွဲ့နှင့် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ  ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက နေပြည်တော်တွင် ခမ်းခမ်းအနားကျင်းပပြုလုပ်ခဲ့သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တစ်ခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ နည်းတူ မိမိတို့ ပြည်နယ်ကိုယ်စားပြု တာဝန်ကျေပွန်စွာဖြင့် စည်းကမ်းတကျ ပါဝင်ခဲ့သော အဖွဲ့ဝင်များအားလုံးအား မိမိတို့အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ပြု ပြောကြားသည်။           ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ သွားရောက်ပါဝင်ခဲ့သည့် ပြည်နယ်ကိုယ်စားပြုအုပ်ချုပ်မှုအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြု

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၅           နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားသို့ သွားရောက်ပါဝင်ခဲ့ကြသော ကချင်ပြည်နယ်ကိုယ်စားပြု အုပ်ချုပ်မှုအဖွဲ့နှင့် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ  ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက နေပြည်တော်တွင် ခမ်းခမ်းအနားကျင်းပပြုလုပ်ခဲ့သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တစ်ခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ နည်းတူ မိမိတို့ ပြည်နယ်ကိုယ်စားပြု တာဝန်ကျေပွန်စွာဖြင့် စည်းကမ်းတကျ ပါဝင်ခဲ့သော အဖွဲ့ဝင်များအားလုံးအား မိမိတို့အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ပြု ပြောကြားသည်။           ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေဧက ၁၀၀၀၀ ကျော်အတွက် စိုက်ပျိုးရေရရှိရေး ညှိနှိုင်းဆွေးနွေးပြီး Victory Garden တိရိစ္ဆာန် ဥယျာဉ်နှင့် အပန်းဖြေပန်းခြံအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ လယ်ယာမြေဧက ၁၀၀၀၀ ကျော်အတွက် ရေလွှဲဆည်တစ်ခု တည်ဆောက်ပေးပြီး စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားသည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ ပြည်နယ်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်း ကျောင်းပြုနေသူများဖြစ်ပါကြောင်း၊ ယနေ့ တာလောကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများ၏ လယ်ယာမြေဧက ၁၀၀၀၀ ကျော်အတွက် ရေလွှဲဆည်တစ်ခုတည်ဆောက်၍ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ဆောင်ရွက်နိုင်မည့် အစီ အမံများကို ညှိနှိုင်းဆွေးနွေးကြရန်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ကုန်စည်တင်ပို့နိုင်ရေး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၃           ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် မြန်မာ-တရုတ်ကုန် စည်စီးဆင်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပို့ကုန်/ သွင်းကုန်များ တင်သွင်းနိုင်ရေး အတွက် မြန်မာ – တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်‌ရေး လုပ်ငန်းကော်မတီနှင့် ကုန်သည် လုပ်ငန်းရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လုပ်ငန်းကော်မတီနှင့် ကုန်သည်လုပ်ငန်းရှင်များအားလုံး၏ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ကန်ပိုက်တီနယ်စပ် မှတစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှ စတင် ဆောင်ရွက် လာခဲ့ရာ မိမိတို့ပြည်နယ်အတွက်သာမက နိုင်ငံတော်အတွက် ဘဏ္ဍာငွေများရရှိလာနိုင်ခဲ့ပြီဖြစ်ပါ ကြောင်း၊ ထို့အပြင် ပို့ကုန်/သွင်းကုန်များအတွက် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်တင်ပို့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ပြီး ချီဖွေနှင့် ဆော့လော်မြို့နယ်များ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူလူထု၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၂           ကချင်ပြည်နယ်ညှိနှိုင်းဖျန်ရေးအဖွဲ့ ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်းနှင့် နှစ်ပတ်လည်နေ့ အခမ်းအနား ကို ဖေ‌ဖော်ဝါရီ ၂၁ ရက် နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အဆိုပါအဖွဲ့၏ ရုံးခန်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားသည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အနေဖြင့် ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် မငြိမ်သက်မှုဖြစ်စဉ်များတွင် ထိခိုက်မှု အနည်းဆုံးဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့သည့်အတွက်မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပါဝင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့ဝင်တစ်ဦးချင်းစီကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ရှေ့ဆက်ပြီး မိမိတို့ပြည်သူများအတွက်ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။           ထို့နောက် ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၃) ဒေါ်ဘောက်ဂျာက နိုင်ငံရေး အပြောင်းအလဲကာလအတွင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားခရိုင်အတွင်း ဝေးလံခက်ခဲသည့် ဆော့လော်မြို့နှင့် ဖီမော် ဒေသတို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတို့နှင့်အတူ မြစ်ကြီးနားခရိုင်အတွင်း ဝေးလံခက် ခဲသည့် ဆော့လော်မြို့နယ်နှင့် ဖီမော်ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဖေဖော်ဝါရီ ၁၉ ရက် နှင့် ၂၀ ရက်တို့က ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၆ နာရီခွဲတွင် ချီဖွေမြို့ ဥက္ကပ်ရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲရုံးသစ်အ‌ဆောက်အအုံဖွင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ကအမှာစကားပြောကြားကာ သိက္ခာတော်ရဆရာတော်များက အဆောက်အအုံသစ်အတွက် ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်အပ်နှံပြီး ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာအမာမော်နိုင်နှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ICRC တာဝန်ခံတို့က အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကာ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ခွဲအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။…

Read More