Tags :ကချင်ပြည်နယ်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပမ္မတီးရပ်ကွက် ရွှေအိုက်ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ခြံစိုက်တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၁           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် တောင်သူ များအား အားပေးတိုက်တွန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီက ပမ္မတီးရပ်ကွက် ရွှေအိုက် ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ တောင်သူများထံ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပမ္မတီးရပ်ကွက် ရွှေအိုက်ကွင်းအတွင်းရှိ ဦးယိန်းယော်၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံအတွင်း ဒေသနွားများနှင့် ဒေသ ဆိတ်များအား ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှု အခြေအနေများ၊ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်း ဒုတိယပိုင်း ကွန်ကရစ်လမ်းသစ်၊ ရွှေဘို-မြစ်ကြီးနားလမ်းအဆင့်မြှင့်ကတ္တရာကွန်ကရစ်လမ်းသစ်နှင့် အားဆာ-နန်းကွေ့ကျေးရွာ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၀           ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း ပြည်နယ်လမ်းဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် (၁၀၀၀ ဒဿမ ၆၄၄)သန်းဖြင့် ပြည်နယ်လမ်းဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပြီးစီးခဲ့သော နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်း ဒုတိယပိုင်း လမ်းအရှည်(၂)မိုင်၊ အကျယ် (၂၄)ရှိ ကွန်ကရစ်လမ်းသစ်အားယနေ့ နံနက် ၈ နာရီက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် အခမ်းအနားမှူးသင်တန်းဆင်းပွဲ၊ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲများသို့ တက်ရောက်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၉           ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍  ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းများအတွက် အခမ်းအနားမှူးသင်တန်းကို (၄)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အားကြိုဆုဂုဏ်ပြုသောအားဖြင့် မော်ဖောင်းနယ်မြေ(၈) ငအိုးခေတ်မီစံပြကျေးရွာ၌ ရွာလယ်လမ်းကွန်ကရစ်လမ်းသစ်နှင့် ခေတ်မီစံပြစာကြည့်တိုက်သစ် ဖွင့်လှစ်ပေး၊ ကျေးရွာအုပ်စုအတွင်း ဌာနဆိုင်ရာ/

မြစ်ကြီးနား        ဖေဖော်ဝါရီ ၈ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မော်ဖောင်းကျေးရွာအုပ်စု၊ မော်ဖောင်းနယ်မြေ (၈) ငအိုးခေတ်မီစံပြ ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့် ရွာတွင်းလမ်းမကြီး ကွန်ကရစ်လမ်းသစ်နှင့် ခေတ်မီစံပြစာကြည့်သစ်တို့ကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီက အဆိုပါ‌ခေတ်မီစံပြကျေးရွာ၌ ဖွင့်ပွဲအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ ခေတ်မီစံပြကျေးရွာအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေကျပ် ၁၆၁ ဒဿမ ၆ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ရွာတွင်း လမ်းမကြီး အရှည်ပေ (၂၄၀၀)ရှိ ကွန်ကရစ်လမ်းသစ်ကို ဒေသခံပြည်သူများနှင့်အတူ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားသမားနားနေဆောင်(၃)ထပ် အဆောက်အဦသစ်နှင့် ပိုက်ကျော်ခြင်းအားကစားရုံသစ်များ ဖွင့်လှစ်ပေး၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲနှင့် ဝိုင်းမော်မြို့နယ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၇           ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက် ပြီးစီးသည့် အားကစားသမားနားနေဆောင်(၃)ထပ် အဆောက်အဦသစ်နှင့် ပိုက်ကျော်ခြင်းအားကစား ရုံသစ်ဖွင့်ပွဲ အခမ်းအနားများကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီက ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနပိုင် ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်းရှိ အဆိုပါ အဆောက်အဦသစ်များရှေ့၌ ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ ၂၀၂၃Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် ဆုရရှိသော မြစ်ကြီးနားနည်းပညာတက္ကသိုလ်မှ အားကစားသမားများ ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၆           ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ အားကစားပြိုင်ပွဲများ မြစ်ကြီးနားဇုံအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှ ဆုရအားကစားသမားများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ် ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ချီးမြှင့်သည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်းသဲသောင်ပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခု ဖြစ်သည့် တောငန်းခေါင်းကြားငှက်များ ‌ကောင်ရေ ၄၀၀ ခန့် အုပ်စုလိုက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၆           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်းသဲသောင်ပြင်ပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခုဖြစ်သည့် တောငန်းခေါင်းကြားငှက်များ ကောင်ရေ ၄၀၀ ခန့် အုပ်စုလိုက် ထူးခြားစွာ လာရောက်ကျက်စားနေထိုင်လျက်ရှိကြောင်း ဖေဖော်ဝါရီ  ၄ ရက် ညနေပိုင်းမှ စတင် တွေ့ရှိခဲ့ရသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ တိမ်းရှောင်လာသည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့၊ တက္ကသိုလ်ဝင်တန်း Grade-12 ဖြေဆိုရန် Camp သွင်းထား

မြစ်ကြီးနား     ဖေဖော်ဝါရီ  ၅           ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်း လတ်တလောဖြစ်ပွားသည့် နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် တာလောကြီး၊ ရွှေညောင်ပင်၊ အောင်မြင်(၁)ကျေးရွာအုပ်စု များမှ နေရပ်စွန့်ခွာခေတ္တတိမ်းရှောင်လာသော ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များသို့ သွားရောက်တွေ့ဆုံထောက်ပံ့ခဲ့ကြသည်။         &Read More

Uncategorized ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်နန်းကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် မြန်မာ့သိုင်းစွမ်းရည်ပြပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၃           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ (၈)မိုင် နောင်နန်းကျေးရွာ၌ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနက ဆောင်ရွက်ပြီးစီးသည့် နောင်နန်း – ၈မိုင် – လမြန် -၁၀ မိုင်လမ်း ကွန်ကရစ်လမ်းသစ်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ ၃ ရက် နံနက် ၈ နာရီခွဲက လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ် သည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအား ကြည့်ရှုအားပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂           ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဌာနဆိုင်ရာညွန့်ပေါင်းဘောလုံး အသင်းနှင့် ပြည်နယ်လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ အား ဖေဖော်ဝါရီ ၂ ရက် ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ဘောလုံးပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပြီး ဌာနဆိုင်ရာညွန့်ပေါင်းဘောလုံးအသင်းနှင့် ပြည်နယ်လက်ရွေးစင် အမျိုး သမီးအသင်းတို့၏ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ဘောလုံးယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ ဌာနဆိုင်ရာညွန့်ပေါင်းအသင်းက အနိုင်ရခဲ့ကြောင်း သိရသည်။Read More