ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ပညာရေးကျောင်းများနှင့် ပရဟိတကျောင်းများထံ (၁၅၆)သိန်းကျော်တန်ဖိုးရှိ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ လှူဒါန်း

 ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ပညာရေးကျောင်းများနှင့် ပရဟိတကျောင်းများထံ (၁၅၆)သိန်းကျော်တန်ဖိုးရှိ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ လှူဒါန်း

ဗန်းမော်         ဇူလိုင် ၂၅

          ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင် ပညာရေးကျောင်းများနှင့် ပရဟိတကျောင်းများအတွက် ငွေကျပ်(၁၅၆)သိန်းကျော်တန်ဖိုးရှိ ကျောင်း သုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီခွဲ က ဗန်းမော်မြို့ နောင်ခိုရပ်ကွက်ရှိ တံခွန်တိုင်သီလရှင် စာသင်တိုက်၌ ကျင်းပပြုလုပ်သည်။

          လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်/ သံဃာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော် များကို နာယူခဲ့ကြသည်။

          ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဇနီးသီရိသုဓမ္မသိင်္ဂီဒေါ်သွဲ့လေးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်များထံ ဝါဆိုသင်္ကန်း၊ လှူဖွယ် ပစ္စည်းများ၊ နဝကမ္မအလှူငွေကျပ် (၁၀)သိန်းနှင့် ခရိုင်အတွင်းရှိ ဘုန်းတော်ကြီး/ သီလရှင်ပညာရေး ကျောင်းများနှင့် ပရဟိတစာသင်ကျောင်း (၁၀)ကျောင်းတို့အတွက် ငွေကျပ် (၁၅၆၅၄၅၀၀) တန်ဖိုးရှိ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားတော်များနာယူခြင်းနှင့် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။