Tags :ကချင်ပြည်နယ်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့၌ စတုတ္ထအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးလျက်ရှိ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကချင်ပြည်နယ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)နှင့် ပူးပေါင်းဆောင်ရွက်မည့် စတုတ္ထ အကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီက အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့ သည်။           ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက မြစ်ကြီးနားမြို့ ကျောက် မျက်ပြပွဲကျင်းပနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ အားလုံးသိပြီးဖြစ်သည့် အတိုင်း ပြည်နယ်အတွင်း လုံးခင်း၊ ဖားကန့်ရတနာနယ်မြေနှင့် မော်လူးမော်ဟန် ရတနာနယ်မြေက ထွက်ရှိသော ကျောက်စိမ်းများသည် ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းမွန်ဆုံးသော ကျောက် စိမ်းများဖြစ်ပါကြောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျောက်စိမ်းကျောက်မျက်ပြပွဲများကို [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၈           မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဟောင်းကို နှုတ်ဆက်၍ ၁၃၈၆ နှစ်သစ်ကို ကြိုဆိုမည့် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဟောင်းကို နှုတ်ဆက်၍ ၁၃၈၆ နှစ်သစ်ကို ကြိုဆိုရမည့် ကာလသို့ ပြန်လည်ရောက် ရှိလာပြီဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်သည့် အပြင် ရိုးရာယဉ်ကျေးမှုကိုထုတ်ဖော်ပြသသည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆင်ဘိုနှင့် တာလောကြီးကျေးရွာများမှ Grade-12 ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများနှင့် သူနာပြုသင်တန်းကျောင်း၊ ပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား/

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၇           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့်သင်ကြားမှုခံယူနေသော ကျောင်းသား/ ကျောင်းသူများ၊ သင်တန်းသား/သင်တန်းသူများအတွက် စားသောက်ကုန်များကို ‌ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ လတ်တလောနယ်မြေအခြေအနေရ မြစ်ကြီးနားမြို့တွင် ရွေ့ပြောင်းနေထိုင်၍ စခန်းသွင်းလေ့ကျင့်သင်ကြားနေသော ဆင်ဘိုနှင့် တာလောကြီး ကျေးရွာ များမှ ဆရာ/ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်း Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်တရားလွှတ်တော်၊ မြစ်ကြီးနားခရိုင်၊ မြို့နယ်တရားရုံးများသို့ မြစ်ကြီးနားတက္ကသိုလ် ဥပေဒပညာဌာန၊ ပဉ္ဇမနှစ်ကျောင်းသား/ကျောင်းသူများ တရားခွင်လက်တွေ့ကွင်းဆင်းလေ့လာ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၆           ကချင်ပြည်နယ်တရားလွှတ်တော်နှင့် မြစ်ကြီးနားခရိုင်/ မြို့နယ်တရားရုံးများသို့ မြစ်ကြီးနား တက္ကသိုလ် ဥပေဒဌာနမှ ပါမောက္ခဌာနမှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက တရားခွင်လက်တွေ့ကွင်းဆင်းလေ့လာခြင်း အစီအစဉ်ကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီက ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာသည် ပြည်နယ်တရားလွှတ် တော်တရားသူကြီး ဦးတူးမော်၊ ဦးအောင်မြင့်၊ တာဝန်ရှိသူများက အစည်းအဝေးခန်းမ၌ ကျောင်းသား/ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံခဲ့ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်က အမှာစကားပြောကြားသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တတိယအကြိမ် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းထမနဲထိုးပြိုင်ပွဲ၊ မြစ်ကြီးနားမြို့၌ Autumn Hotel

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၄           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ် ၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တတိယအကြိမ်မြောက် မြန်မာ့ရိုရာထမဲနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ ဒိုးပတ်ပြိုင်ပွဲနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ မစတင်မီ ဒိုးပတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြစ်ကြီးနား မြို့ပေါ်ရပ်ကွက် (၃)ခုမှ ပြိုင်ပွဲဝင် ဒိုးပတ်အသင်းများက စိတ်ကြိုက် ဒိုးပတ်သံချပ်၊ ဦးရွှေရိုးနှင့် ဒေါ်မိုး အကအလှများဖြင့် ပါဝင်ယှဉ်ပြိုင်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီး ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင်အတွင်းမှ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူများအား ချီးမြှင့်ပေးအပ်၊

ဗန်းမော်         ဖေဖော်ဝါရီ ၂၄           ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးအတွက် ဗန်းမော်မြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်းနန်သည် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီက စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ် တမ်းလွှာများကို ချီးမြှင့်အပ်နှင်းခဲ့သည်။      &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများအား သွားရောက်လှူဒါန်း၊ ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး ကွင်းဆင်းစစ်ဆေး၊ နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာနှင့်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၃           ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဗန်းမော် မြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ပေါ်ရှိ ဘာသာရေးကျောင်း များသို့ သွားရောက်ပြီး ဆုတောင်းမေတ္တာပို့သမှုခံယူကာ လှူဒါန်းမှုများကို ဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစကခမှူး (ဗန်းမော် တပ်နယ်မှူး) ဗိုလ်မှူးကြီးထွဋ်ခေါင်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်အတွင်းရှိ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဝိုင်းမော်  ဖေဖော်ဝါရီ    ၂၂ ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုး‌ဆွေနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် (၂၀၂၃ – ၂၀၂၄) ဘဏ္ဍာရေးနှစ် ဝိုင်းမော်မြို့နယ်စင်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင် ဆောင်ရွက်လျက်ရှိသော ဝိုင်းမော်မြို့နယ်၊ သာဂရရပ်ကွက်ရှိ မြို့ဝင်ဆိုင်းဘုတ်အား ကျောက်ရိုးစီမြေထိန်းနံရံ ဆောက်လုပ်နေမှုကိုလည်းကောင်း၊ ရပ်ကွပ်(၁)၊ အမှတ်(၁၃)လမ်းနှင့် အမှတ်(၁၄) ဆက်စပ်လမ်း (အပိုင်း-၁) (၂၇၀ ပေ × ၁၄ ပေ × ၈ လက်မ) ရှိ ကွန်ကရစ်လမ်းအသစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးထားရှိမှု အခြေအနေများကို လည်းကောင်း၊ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ၏ အထွေထွေပိုလျှံငွေ […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့၌ တတိယအကြိမ်မြောက် မနောလိဂ် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂ ကချင်ပြည်နယ် တရားလွတ်တော်တရားသူကြီးချုပ်ဦးတူဂျာ၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် မနောလိဂ်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှု အား‌ပေးခဲ့ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အဖွင့်အမှာ စကားပြောကြားပြီး ဂျုနီယာစတားဘောလုံးအသင်းနှင့် နောင်ရာ ဘောလုံးအသင်းတို့က ယှဉ်ပြိုင် ကစားခဲ့ကြရာ နောင်ရာအသင်းက (၆)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ကချင်ပြည်နယ် တရားလွတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နည်းပြအကောင်းဆုံးဆု၊ […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)တွင် အဂတိတိုက်ဖျက်ရေးဆိုင်ရာအသိပညာ‌ပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းသို့တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ     ၂၂ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပမ္မတီးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၌ အဂတိတိုက်ဖျက်ရေးဆိုင်ရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် က အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အနှစ်သာရသည် အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်နှင့် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန် ဖြစ်ပါကြောင်း၊ အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တာဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ အလေးထားလုပ်ဆောင်ကြရန် လိုကြောင် အဖွင့်အမှာစကားပြောကြားပြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက အခမ်းအနား ကျင်းပနိုင်ရေး ကူညီပံ့ပိုးပေးသော တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးနေထွန်းအောင် က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများအား အသိပညာပေး […]Read More