ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကအဖွဲ့ဝင်များ ဗန်းမော်မြို့နယ် အတွင်း အမျိုးသမီးငယ်များဘဝတိုးတက်မြင့်မားရေးနှင့် ကလေးငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဖွံ့ဖြိုးမှုမြင့်မားလာစေရေး ကွင်းဆင်းဆောင်ရွက်‌

 ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကအဖွဲ့ဝင်များ ဗန်းမော်မြို့နယ် အတွင်း အမျိုးသမီးငယ်များဘဝတိုးတက်မြင့်မားရေးနှင့် ကလေးငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဖွံ့ဖြိုးမှုမြင့်မားလာစေရေး ကွင်းဆင်းဆောင်ရွက်‌

ဗန်းမော်         ဖေဖော်ဝါရီ ၅

          ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်အတွင်း အမျိုးသမီးငယ်များ ဘဝတိုးတက် မြင့်မားလာရေးနှင့် ကလေးငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဖွံ့ဖြိုးမှုမြင့်မားလာစေရေးအတွက် ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းနှင့် နာယကအဖွဲ့ဝင်များက ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီက ဗန်းမော်မြို့နယ်အတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

          ထို့သို့ ဆောင်ရွက်ရာတွင် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ ပြည် နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ နာယကအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်နန်စိန်အေး၊ ဒေါ်ဒေါင် နန်း၊ ဒေါ်သွဲ့လေးအောင်တို့သည် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် အဖွဲ့ဝင်များနှင့်အတူ ဗန်းမော်မြို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း၌ အခြေခံစက်ချုပ်ပညာသင်တန်းတက် ရောက်နေသော သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး သင်တန်းသူ များ၏ စားရိပ်သာဆောင်၊ အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ‌ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် ဗန်းမော်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားဆောင်၌ ကိုယ် ဝန်ဆောင်မိခင်များကို တွေ့ဆုံအားပေးစကားပြောကြားကာ ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သည့် ဆေးဝါးနှင့် အာဟာရဖြစ်စားသောက်စရာများကို ထောက်ပံ့ပေးအပ်ပြီး အဆိုပါဝင်း အတွင်းရှိ မေတ္တာစမ်းရေမူလတန်းကြိုကျောင်း၌လည်း ကလေးငယ်များအား အား‌ပေးတွေ့ဆုံပြီး ကစားစရာပစ္စည်းများနှင့် မုန့်များကို ဝေငှကျွေးမွေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်း ၌ ကလေးများနေ့အကြို မူကြိုကလေးများအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ တေးသီချင်းဆိုပြိုင်ပွဲ၊ ပုံပြိုင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့အားပေးခဲ့ကြပြီး ဗန်းမော်ခရိုင် အတွင်း ကျေးလက်မိခင်ဝိုင်း (၅)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းနှင့် ပြိုင်ပွဲဝင်ကလေးများ အတွက် ဂုဏ်ပြုဆုနှင့် အမှတ်တရလက်ဆောင်များ၊ မုန့်များကို ဝေငှကျွေးမွေးခဲ့ကြကြောင်း သိရှိ ရသည်။