ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဘိလိယက်နှင့်စနူကာပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ကာ အလှူရှင်များကပေးအပ်လှူဒါန်းသည့် ကနူးကယက်လှေများအားလက်ခံရယူ

 ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဘိလိယက်နှင့်စနူကာပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ကာ အလှူရှင်များကပေးအပ်လှူဒါန်းသည့် ကနူးကယက်လှေများအားလက်ခံရယူ

မြစ်ကြီးနား     စက်တင်ဘာ ၁၉

          ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို ရှမ်းပြည်နယ် ‌တောင်ကြီးမြို့အတွင်း စက်တင်ဘာ ၂၃ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် ဘိလိယက်နှင့်စနူကာ အသင်းအား ပြည်နယ်အစိုးရအဖွဲ့က အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီအချိန်က ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပြည်နယ်လက်ရွေးစင်အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက အသီးသီး မိတ်ဆက်ခဲ့ကြပြီး လက်ရွေးစင် ဘိလိယက်နှင့်စနူကာ အသင်းနည်းပြက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင်ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်ခဲ့မှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အားကစားကဏ္ဍ တိုးတက် မြှင့်မားလာရေးအတွက် အစဉ်တစ်စိုက် အားပေးထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ပြီး ယနေ့ ပြိုင်ပွဲဝင်ရောက်ရန် သွားရောက်ကြမည့် အုပ်ချုပ်သူနည်းပြများနှင့် ကစားသမားအနေဖြင့် ပြည်နယ် ဂုဏ်ကို မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းယှဉ်ပြိုင်သွားကြရေး အားပေးမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးက လက်ရွေးစင်အသင်း အုပ်ချုပ်သူနည်းပြများထံ အောင်နိုင်ရေး အလံနှင့် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ယှဉ်ပြိုင်ပြီးစီးခဲ့သည့် အားကစားနည်း (၁၁)မျိုးတွင် ပြည်နယ်ကိုယ်စားပြု အမျိုးသမီးဂေါက်သီးရိုက်အသင်း၊ အေရိုးဗစ်အသင်း၊ အမျိုးသမီးဘောလီဘော အသင်းတို့က တံခွန်စိုက်ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအနေဖြင့် အမျိုးသား/ အမျိုးသမီးနှင့် စုပေါင်းတံခွန်စိုက်ဆု ဖလား (၃)ခုစလုံးကို  လည်းကောင်း ဆွတ်ခူးရရှိ ထားပြီး အားကစားနည်းများအလိုက် စုစုပေါင်း ရွှေ ၁၅ ခု၊ ငွေ ၁၃ ခု၊ ကြေး ၈ ခုရရှိထားကြောင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။

          ဆက်လက်၍ ကချင်ပြည်နယ်လှေလှော်အားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကင်း ဘိလိယက်နှင့် စနူကာကလပ်မှ တာဝန်ရှိသူက တစ်စီးလျှင် ကျပ်သိန်း(၁၀၀)တန်ဖိုးရှိ ကနူးကယက် လှေနှစ်စီးအား ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးက လက်ခံရယူခဲ့ပြီး အလှူရှင်အား ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးဦး‌အောင်သူမှ ကချင်ပြည်နယ်လှေလှော်အားကစားနည်းအတွက် များစွာ အထောက်အပံ့ဖြစ်စေမည့် ကနူးကယက်လှေနှစ်စီးအား လှူဒါန်းပေးသောကြောင့် အထူးပင် ကျေးဇူး တင်ရှိပါကြောင်းနှင့် လှေလှော်အားကစားနည်းဖြင့် ပြည်နယ်ဂုဏ်အား မြှင့်တင်နိုင်‌ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။