ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌၂၀၂၀ ရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်သရုပ်ပြ မဲပေးခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌၂၀၂၀ ရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်သရုပ်ပြ မဲပေးခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား အောက်တိုဘာ ၂၁

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများလုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်၍ သရုပ်ပြမဲပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ မဲရုံအမှတ် (၁၁)ဖွင့်လှစ်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အေးမြ သီတာခန်းမ၌ ပြုလုပ်ကျင်းပသည်။

သရုပ်ပြမဲပေးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်မေရီမီနန်နှင့် ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်းချက်များ နှင့်အညီ မဲရုံဝန်ထမ်းများအတွက်ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမည့်အခြေအနေ၊ မဲရုံအခင်း အကျင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မဲဆန္ဒရှင်ဦးရေအခြေအနေတို့ကို ရှင်းလင်း တင်ပြကြသည်။

ကြိုတင်သရုပ်ပြအစီအစဉ်တွင် မဲရုံပြင်ပတွင် မဲပေးမည့် ပြည်သူများအား Social Distancing နှင့်အညီ နေရာသတ်မှတ်ထားရှိမှုနှင့် လက်ဆေးဘေစင်များထားရှိမှု၊ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်စေရန် ဆော်သြမှု၊ အပူချိန်တိုင်းခြင်းလုပ်ငန်းများနှင့် မဲရုံအတွင်း မဲရုံမှူး၊ ဒုမဲရုံ မှူး၊လေ့လာသူများ၊ ကိုယ်စားလှယ်များနှင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းများ အတွက် မဲပေးမည့်နေရာများတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်ချက် များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိပြီး မဲရုံတာဝန်ကျဝန်ထမ်းများ၏ အကူအညီဖြင့် လက်သန်း မင်တို့ပြီးချိန်အထိမဲပေးပုံလုပ်ငန်းအဆင့်ဆင့်နှင့် မဲစာရင်းရေတွက်ခြင်းနှင့် စာရင်းသွင်းခြင်းလုပ်ငန်း တို့ကို ကော်မရှင်အဖွဲ့ဝင်များ၊ မဲရုံဝန်ထမ်းများ၊ ဌာနဆိုင်ရာများက လက်တွေ့သရုပ်ပြသခဲ့ကြသည်။

သရုပ်ပြမဲပေးမှုအစီအစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေး မဲရုံများကို ကြိုတင်ပြင်ဆင်ထားမှုများအတိုင်း စနစ်တကျ ဖြင့် စီစဉ်ဆောင်ရွက်ကြရေး၊ ရွေးကောက်ပွဲဥပဒေနှင့်အညီ ဆောင်ရွက်သွားကြရေး၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအတိုင်း သတ် မှတ်ချိန်အတွင်း မဲဆန္ဒရှင်များ အောင်မြင်စွာ မဲပေးနိုင်ရေး လိုအပ်သည်များကို ပြည်နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မဲရုံဝန်ထမ်းများအား မှာကြားခဲ့သည်။