တနိုင်းမြို့၌ စစ်ရှောင်စခန်းနေအိမ်ထောင်စု (၂၆)စုအတွက် ပြန်လည်နေရာချထားရေးနေရာသစ် ဖွင့်လှစ်ပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

 တနိုင်းမြို့၌ စစ်ရှောင်စခန်းနေအိမ်ထောင်စု (၂၆)စုအတွက် ပြန်လည်နေရာချထားရေးနေရာသစ် ဖွင့်လှစ်ပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

မြစ်ကြီးနား အောက်တိုဘာ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့ RC စစ်ရှောင်စခန်းတွင် ခိုလှုံနေသော နမ်ခမ်း အင်္ဂါဂါးကျေးရွာများမှ စစ်ရှောင်အိမ်ထောင်စု (၂၆)စုတို့အား ပြန်လည်နေရာချထားပေးနိုင်ရေးအ တွက် တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက် မြို့ရှောင်လမ်းတွင် ဆောက်လုပ်ပြီးစီးသော နေရာသစ်ဖွင့်ပွဲ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို အောက်တိုဘာ ၂၂ ရက်၊ နံနက် (၁၀)နာရီတွင် ကျင်းပ ပြုလုပ်သည်။

စစ်ရှောင်အိမ်ထောင်စုများ ပြန်လည်ပြောင်းရွေ့နေရာချထားပေးမည့် နေရာသစ်ဖွင့်ပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လူဝင် မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နေရာသစ်ကို ကတ်သလစ်ဂိုဏ်းချုပ်ဆရာတော် ဖရန်စစ်ဒေါ့တန်က မုဒ်ဝအဖွင့်ကောင်းချီးပေးဆုတောင်းပြီး ပြည်နယ်ဝန်ကြီးများနှင့် ဆရာတော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးများနှင့် မြစ်ကြီးနားမြို့ဂရုဏာလူမှုစည်းရုံးညီညွတ်ရေး ဒါရိုက်တာ ဖာသာဆန်ဆွန်၊ KHCC ဥက္ကဋ္ဌ၊ သိက္ခာ တော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်နှင့် တာဝန်ရှိသူများက ပြောင်းရွေ့နေရာချထားမည့် နေအိမ်များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ပြန်လည်ရွေ့ပြောင်းနေထိုင်မည့် အိမ်ထောင်စု (၂၆)စုအား ထောက်ပံ့ပစ္စည်း များကို အဆိုပါ ရွေ့ပြောင်းနေရာရှိ Community Hill ခန်းမ၌ ဆက်လက်ပြုလုပ်ရာ ပြည်နယ် အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန် (၁)အိတ်နှုန်းဖြင့် ဆန်အိတ် (၂၆)အိတ်၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနမှ စားနပ်ရိက္ခာ(၁)လစာအတွက် (ဆန်အိတ် (၄၀)၊ ရ ပြည်၊ ၄ ဗူးနှင့် ဆီ (၅၂) ပိဿာ၊ ပဲ (၅၂)ပိဿာ၊ ဆား (၂၆)ပိဿာ) ပြောင်းရွေ့စရိတ်အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၀၀၀၀၀)ဖြင့် ငွေကျပ် (၂၆၀၀၀၀၀၀)၊ အင်္ကျီ၊ လုံချည်နှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေ သုံးပစ္စည်းမျိုးစုံ (၂၂)မျိုးပါဝင်သည့် ကယ်ဆယ်ရေးပစ္စည်းပုံး တစ်အိမ်ထောင်လျှင် (၁)ပုံးစီဖြင့် (၂၆) ပုံး စုစုပေါင်းငွေသားနှင့် ပစ္စည်းတန်ဖိုး ငွေကျပ် (၆၂၁၅၆၇၅)နှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ မိုးကာ၊ Shelter Tool Kit ၊ Hygiene Kit ၊ စောင်စသည့် ပစ္စည်း(၄)မျိုး တစ်အိမ် ထောင်လျှင် (၁)စုံစီဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၂၉၉၀၀၀၀)ကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။