ကချင်ပြည်နယ်ဝန်ကြီးချူပ် ဖူဆယ်ဒိုင်သင်တန်းဆင်းပွဲနှင့် ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဆုချီးမြှင့်၊ လေဆိပ်သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချူပ် ဖူဆယ်ဒိုင်သင်တန်းဆင်းပွဲနှင့် ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဆုချီးမြှင့်၊ လေဆိပ်သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     စက်တင်ဘာ ၁၉

          ကချင်ပြည်နယ်ဖူဆယ်အားကစား နည်းပညာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မြစ်ကြီးနားခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကချင်ပြည်နယ်လက်ရွေးစင် Old Star အဖွဲ့နှင့် ပြည်နယ်ဖူဆယ်ဆပ်ကော်မတီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံဖူဆယ်အဖွဲ့ချုပ် ဒိုင်လူကြီးများအား ဖိတ် ခေါ်ပြီး ဖူဆယ်ဒိုင်သင်တန်းဆင်းပွဲနှင့် ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီး မြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၈ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နောင်ရာဖူဆယ်ကွင်း၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ကချင်ပြည်နယ်ဖူဆယ်ကော်မတီနာယက ဦးလအောင်က ဖိတ်ခေါ်ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံဖူဆယ်အဖွဲ့ချုပ် ဒိုင်လူကြီးနှင့် ပူးပေါင်း၍ ဖူဆယ်ဒိုင်သင်တန်း ဖွင့်လှစ်ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြိုင်ပွဲကျင်းပရေးကော်မတီအတွက် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင်ဦးတူးဂျာ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နောင်ရာ FC အသင်းနှင့် PURE FC အသင်း ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ နောင်ရာ FC အသင်း ၈ ဂိုး ၄ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

          ယင်းနောက် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းနား ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့်ကာ ယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌတို့က ဖူဆယ်ဒိုင်သင် တန်းနည်းပြဆရာအား ဂုဏ်ပြုလက်ဆောင်နှင့် ဒိုင်သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ်က ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံးကစားသမားဆုများကို လည်း ကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တတိယဆုရအသင်းနှင့် ဒုတိယဆုရအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားနှင့် ဆုဖလားများကိုလည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ ကြသည်။

          ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပထမဆုရ နောင်ရာFC အသင်း အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ဖိတ်ခေါ် ဖူဆယ်ဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားအား လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          အဆိုပါ ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဒိုင်သင်တန်းကို ပြည်နယ်ဖူဆယ်ဆပ်ကော်မတီ အနေဖြင့် ပြည်နယ်၏ ဖူဆယ်ဘောလုံးအားကစားနည်းပညာတိုးတက်မြှင့်လာရေး၊ အားကစားသမား များ ပေါ်ထွန်းလာရေး၊ စနစ်ကျသောဒိုင်လူကြီးများ မွေးထုတ်ပေးနိုင်ရေးတို့အတွက် မြန်မာနိုင်ငံ ဖူဆယ်အဖွဲ့ချုပ် ဒိုင်လူကြီးများနှင့် မြန်မာ့လက်ရွေးစင်ဖူဆယ်ကစားသမားများအား ဖိတ်ခေါ်၍ ဘောလုံးပြိုင်ပွဲ ၁၄.၉.၂၀၂၂ ရက်မှ စတင်၍ အသင်းပေါင်း (၂၃)သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးပြိုင်ပွဲနှင့်အတူ ဒိုင်သင်တန်းကို (၁၄.၉.၂၀၂၂)ရက်နေ့မှ (၁၈.၉.၂၀၂၂)ရက်နေ့အထိ စာတွေ့ လက်တွေ့ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

          အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့သည် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း မြေယာအလှပြုပြင်၍ မြက်စိုက်ခြင်း၊ အရိပ် ရသစ်ပင်ကြီးများနှင့် အလှပန်းပင်များ စိုက်ပျိုးခြင်း၊ ကားထားသည့်ဝင်းအတွင်းရှိ လမ်းလယ်ကျွန်း များတွင် မြေယာပြုပြင်၍ အရိပ်ရအပင်များနှင့် အလှပန်းပင်များ စိုက်ပျိုးဆောင်ရွက်နေမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မြို့တော် ဝင်ပေါက် ဖြစ်သည့် လေဆိပ်အား အမြဲသန့်ရှင်းသာယာလှပပြီး သစ်ပင်ပန်းမံများဖြင့် စိမ်းလန်းစိုပြေ‌ လာစေရန် ဆောင်ရွက်သွားရေး၊ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။