ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကာသိပ္ပံကျောင်းမြေနေရာ အဝင်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကာသိပ္ပံကျောင်းမြေနေရာ အဝင်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၈

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ၌ အသစ်တည်ဆောက်ဖွင့်လှစ်သွား မည့် အားကာသိပ္ပံကျောင်းမြေနေရာနှင့် ကျောင်းအဝင်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေဧရိယာ (၃၀၀) ဧကခန့်ပေါ်တွင် ပြည်နယ်အစိုးရအဖွဲ့မှ အားကာသိပ္ပံကျောင်းနှင့် ကွန်ပျူတာ တက္ကသိုလ်တည်ဆောက်ရန်လျာထားခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အားကာသိပ္ပံအဝင်လမ်း (၁)မိုင် (၁.၄)ဖာလုံအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းနှင့် ကျောက်စီ Boxculvert (၆)စင်း တည် ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းများ သတ်မှတ်ချက်နှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အတွင်း ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး မိမိတို့ ပြည်နယ်သည် ရေအရင်းမြစ်ထိန်းသိမ်းသည့် နေရာတစ်ခုဖြစ်သည့်အတွက် သစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရေးနှင့် သစ်ပင်များ စိုက်ပျိုးခြင်းအလေ့အထကို ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယခု နှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြည်နယ်၏ ရာသီဥတုနှင့် ကိုက်ညီပြီး စိမ်းလန်းရှင်သန်နိုင်သည့် အပင်များကို ပြည်နယ်အတွင်း စိုက်ပျိုးနိုင်ရေးစီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြည်နယ်အတွင်း စိုက်ပျိုး ဆောင်ရွက်သွားမည့် အခြေအနေများ၊ ယခင်နှစ်များတွင် စိုက်ပျိုးခဲ့သည့် သစ်ပင်များ ရှင်သန် မှုအခြေအနေတို့ကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်းသိရသည်။