ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်များတွင် (ပထမနှစ်) မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများအား လှိုက်လှဲနွေးထွေးစွာကြိုဆို၍ သင်ကြား၊ သင်ယူမှုစတင်ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်များတွင် (ပထမနှစ်) မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများအား လှိုက်လှဲနွေးထွေးစွာကြိုဆို၍ သင်ကြား၊ သင်ယူမှုစတင်ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေး

မြစ်ကြီးနား     မေ ၁၂

          ကချင်ပြည်နယ်၊ မြစ်ကြီးမြို့ရှိ တက္ကသိုလ်များတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက်ရောက် ပညာသင်ယူကြမည့် မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများအား လှိုက်လှဲနွေးထွေးစွာ ကြိုဆို၍ သင်ကြား၊ သင်ယူမှုလုပ်ငန်းများ ယနေ့ မေ ၁၂ ရက် နံနက်တွင် စတင်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက္ကသိုလ်များသို့ သွားရောက်ပြီး မောင်မယ် သစ်လွင်များအား ကြိုဆိုနှုတ်ဆက်အားပေးခဲ့ကြသည်။

          ရှေးဦးစွာ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) စတင်ဖွင့်လှစ်ပြီး သင်ကြား၊ သင်ယူမှုလုပ်ငန်း များ ဆောင်ရွက်နိုင်ရေးအတွက် မောင်မယ်သစ်လွင်များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူး ဆရာ၊ ဆရာမများဦးဆောင်ပြီး လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးကဏ္ဍသည် မိမိနိုင်ငံ၏ အနာဂတ်မျှော်လင့်ချက်ဖြစ်ပါကြောင်း၊ ယနေ့ ပညာခေတ်တွင် သင်ကြားရေးလုပ်ငန်းသည် အနာဂတ်လူငယ်များ၏ အမူအကျင့်၊ စိတ်ဓာတ်နှင့် စိတ်ပိုင်းဆိုင်ရာတွေ ကို ပြုပြင်ပြောင်းလဲပေးနိုင်မည်ဖြစ်ပါကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့်လည်း နောင်အနာဂတ် ကာလတွင် နိုင်ငံတော်အတွက်အကျိုးပြုမည့် နိုင်ငံ့သားကောင်းရတနာများကို မွေးထုတ်နိုင်ရေး အရေးကြီးသည့် ပညာရေးကဏ္ဍကို အဆင့်မြှင့်တင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ယနေ့ သက်ဆိုင်ရာအတန်းနှစ်များတွင် သင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဘာသာရပ်အလိုက် တတ်ကျွမ်းသည်အထိ သင်ကြားသင်ယူကြပြီး ပြည်နယ်အကျိုးပြု၊ ဒေသအကျိုးပြု၊ တိုင်းပြည်အကျိုးပြုသားကောင်းရတနာများဖြစ်လာစေရေး အစွမ်းကုန်ကြိုးစားကြ ရန်လိုကြောင်း အားပေးတိုက်တွန်းပြောကြားသည်။

          ထို့နောက် နည်းပညာတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက တက္ကသိုလ် ဆိုင်ရာအချက်အလက်များနှင့် ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းဆောင်ရွက်သွားမည့် အခြေ အနေများ၊ ကျောင်းသားသစ်များနှင့် သင်တန်းနှစ်အသီးသီးအတွက်  ဖွင့်လှစ်၍ သင်ကြားသင်ယူနိုင် ရေးစီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနမှူးဆရာ၊ ဆရာမများက မောင်မယ်သစ်လွင်များအား နွေးထွေးစွာ ကြိုဆိုမိတ်ဆက်ခဲ့ကြကာ လိုက်လံနှုတ်ဆက်အား ပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ် ကွက်ရှိ ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)သို့ ဆက်လက်သွားရောက်ခဲ့ကြပြီး ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးဆရာ၊ ဆရာမများနှင့်အတူ  မောင်မယ်သစ်လွင်များအား ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ် ခွန်းဆက်စကား ပြောကြားခဲ့ပြီး ကျောင်းစတင်ဖွင့်လှစ်ခြင်းနှင့်အတူ သင်ကြား၊ သင်ယူမှုလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ မြစ်ကြီးနားတက္ကသိုလ်တွင်လည်း ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ သာဘာရပ် အလိုက် အတန်းနှစ်အသီးသီးတွင် တက္ကသိုလ်ကျောင်းသူကျောင်းသားများအေးချမ်းစွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။