ကချင်ပြည်နယ်ဝန်ကြီးချုပ် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသည့် တောင်သူများ တက်ရောက်နေသော မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း၊ အစာအချဉ်ဖတ် ပြုလုပ်ခြင်းနှင့် ဇီဝမြေသြဇာပြုလုပ်နည်းသင်တန်းသို့ သွားရောက်တွေ့ဆုံအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသည့် တောင်သူများ တက်ရောက်နေသော မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း၊ အစာအချဉ်ဖတ် ပြုလုပ်ခြင်းနှင့် ဇီဝမြေသြဇာပြုလုပ်နည်းသင်တန်းသို့ သွားရောက်တွေ့ဆုံအားပေး

မြစ်ကြီးနား     မေ ၂၀

          ကချင်ပြည်နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသော တောင်သူများ အား ကချင်ပြည်နယ်၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန် အပင်စိုက်ပျိုးခြင်း၊ အစာချဥ်ဖတ်ပြုလုပ်ခြင်းနှင့် ဇီဝမြေသြဇာပြုလုပ်နည်းသင်တန်းကို အဆိုပါ ဦးစီး ဌာန၊ သင်တန်းခန်းမ၌ သင်ကြားပို့ချလျက်ရှိရာ ယနေ့ မေ ၂၀ ရက် နံနက် ၁၀ နာရီခွဲက  ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ ကြသည်။

          အဆိုပါ သင်တန်းကို မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော မြစ်ကြီးနား၊ ဝိုင်းမော်၊ အင်ဂျန်းယန်မြို့နယ်တို့မှ ဒေသခံသင်တန်းသား ၁၅ ဦးတို့ဖြင့် မေ ၁၆ ရက်နေ့မှ စတင်၍ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက စာတွေ့/ လက်တွေ့ (၁၀)ရက်ကြာ သင်ကြားပို့ချပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့သို့ကြည့်ရှုအားပေးစဉ် ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးနှင့် ဒေါက်တာမင်းညွန့်ဦး တို့က သင်တန်းတွင် နွားနှင့်ဝက်မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းသုံး ဇီဝစမ်းသပ်သည့် ခေတ်မီစက် ပစ္စည်းများနှင့်အသုံးချနည်းများ၊ မေထုံမဲ့သားစပ်ခြင်းဆိုင်ရာနည်းလမ်းများနှင့် တိရိစ္ဆာန်အစာစိုက်ပျိုး ခြင်းလုပ်ငန်း၊ အစာအချဉ်ဖတ်ပြုလုပ်နည်းနှင့် မွေးမြူရေးတိရစ္ဆာန်မျိုးကောင်းမျိုးသန့်များ တိုးတက် များပြားလာစေရေး သင်တန်းမှ တစ်ဆင့် စီမံဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေသခံသင်တန်းသားများအား ပြည်နယ်၏ မွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်တိုအတွင်း အကျိုးကျေးဇူးများသည့် သင်တန်းတစ်ခုဖြစ် သည့်အတွက် သင်တန်းသားများ အနေဖြင့် လက်တွေ့အသုံးချနိုင်ရေး လေ့လာသင်ယူကြရန်လို ကြောင်း အားပေးပြောကြားပြီး သင်တန်းဆရာများအတွက်ချီးမြှင့် ထောက်ပံ့ငွေကျပ် ၃ သိန်းနှင့် သင်တန်းသားများအတွက် ထောက်ပံ့ငွေကျပ် ၄ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွက် ပြည်နယ်ငွေလုံး၊ ငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာ အစီအစဉ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ခွင့်ပြုပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်ကြရေး  တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ် ငွေလုံး၊ ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ဌာနဆိုင်ရာအစီအစဉ်ဖြင့် ဆောင် ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွားမည့် တည်ဆောက်ရေးလုပ်ငန်း များနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။