ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ကြည့်ရှုအားပေးပြီး မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအသင်းကချင်ပြည်နယ် တာဝန်ခံရုံး(Myanmar Rescue Kachin)အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်ပေး
မြစ်ကြီးနား ဇွန် ၁၈
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မြစ်ကြီးနားမြို့ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိစစ်သည်များနှင့် တပ်မတော်သားမိသားစုများ စုပေါင်း၍ ကျောင်းဝင်းအတွင်းရှိ သစ်ပင်ခြံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ကောက်ယူစွန့်ပစ်ခြင်း၊ ရေနှုတ်မြောင်းများ ရှင်းလင်းခြင်း၊ ရေတွင်းရေကန်များ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ပေးခြင်းတို့ကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ဒူကထောင်ရပ်ကွက်၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့၊ ဆွတ်ငိုင်တော်(စီတာပူ)ရပ်ကွက် အတွင်းရှိ Rest In Peace Group နှင့် မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအသင်း (Myanmar Rescue Kachin)ကချင်ပြည်နယ်တာဝန်ခံရုံးသစ်အဆောက်အအုံဖွင့်ပွဲသို့ တက်ရောက်ပြီး အဆောက် အအုံသစ်ကို ပြည်နယ်ဝန်ကြီးချုပ်သည် သိက္ခာတော်ရ ဦးမဒိန့်ဇန်ဇုန်းကျန်း၊ သိက္ခာတော်ရ ဦးJZ ဂျုံးခေါင်၊ အသင်းဥက္ကဋ္ဌ ဦးညီညီထွေး(ခ) ဦးဂျပ်မုန်ဒွဲလတို့နှင့်အတူ ဆုတောင်းဆက်ကပ် ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် အဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် ဆုတောင်းဆက်ကပ်ခြင်း အခမ်းအနား သို့ တက်ရောက်ပြီး သိက္ခာတော်ရဆရာများက ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုခြင်း၊ ဒေသနာတော်ကြားနာခြင်း၊ ကောင်းကြီးပေးဆုတောင်းများ ဆောင် ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အသင်းအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် ၁၄ သိန်းကို ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။