ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ခရိုင်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ခရိုင်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၅

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ် ဆေးထိုးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရှိန်အဟုန်မပျက် ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို သြဂုတ် ၁၅ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇအသစ် များ ထပ်မံကူးစက်ဖြစ်ပွားဖြစ်ပွားလျက်ရှိနေသည့်အတွက်  သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ကြရန်နှင့် ကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်းနောက်ဆုံးအကြိမ်ထိုးနှံပြီးစီးမှုကာလ (၆)လပြည့်ပြီးနှင့် အထက်ရှိ သော အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံ ပေးနိုင်ရေးနှင့် သက်တမ်းကုန်ဆုံးမည့် ကာကွယ်ဆေးများကိုလည်း အချိန်မီသုံးစွဲနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်များအနေဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များရေးဆွဲတင်ပြရန်နှင့် ကိန်း ကဏန်းအချက်အလက်များ မှန်ကန်မှုရှိစေရေး၊ တွေ့ကြုံလာနိုင်သည့် အခက်အခဲများ၊ လိုအပ်ချက် များကို တင်ပြဆွေးနွေးရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးက ပြည်နယ်အတွင်း ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တပ်မတော်မှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက် သွားမည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်ကော်မတီအတွင်းရေးမှူး လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးတို့က ပြည်နယ်အတွင်း ကာကွယ်ဆေးအမျိုးအစားအလိုက် ထိုးနှံပြီးစီးမှုနှင့် ဆေးလက်ခံကျန်ရှိမှု၊ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများ၊ ပိုးတွေ့ လူနာထပ်မံတွေ့ရှိမှုအခြေအနေနှင့် စာရင်းရေးသွင်းခြင်းလုပ်ငန်းများ တိကျမှန်ကန်မှုရှိစေရေးဆောင် ရွက်သွားရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် တက်ရောက်လာကြသည့် ခရိုင်(၆)ခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရိုင်/ မြို့နယ်များအလိုက် ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေများ၊ ကာကွယ်ဆေးအမျိုးအစားအလိုက် လက်ကျန် ကျန်ရှိမှုအခြေအနေများ၊ ကျောင်းပြင်ပကလေးငယ်များအား ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပေးနိုင်ရေးနှင့် ထပ်မံထိုးနှံပေး သွားရမည့် အရေအတွက်နှင့် စာရင်းများ စနစ်တကျပြုစုရေးသွင်းနိုင်ရေးစီမံဆောင်ရွက်ထားရှိမှုများ နှင့် လိုအပ်ချက်များ၊ ဒေသအခြေအနေအရ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံလာနိုင်သည့် အခက် အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးလုပ်ငန်းကို စီမံချက်ပါ အတိုင်း ပြည်သူများအား အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေး၊ သတ်မှတ်ကာလထက် ဆောလျင်စွာ ပြီးစီး အောင်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။