ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား     သြဂုတ် ၂၁

          ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၀ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

          ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူငယ်လူရွယ်များ အားကစား ကို ပိုမိုစိတ်ဝင်စားလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် ပြည်သူ တစ်ရပ်လုံး အားကစားကဏ္ဍတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်အတွက် ကချင်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍကို ပိုမိုလှုပ်ရှားဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများ တွင် တံခွန်စိုက်ဆုဖလားများနှင့် ဆုတံဆိပ်များကို ရယူနိုင်ခဲ့သည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ယှဉ်ပြိုင်ခြင်း သည် အဓိကဖြစ်သလို အနိုင်ရခြင်းသည် ပဓာနကျသည်ဟူသော ခံယူချက်ဖြင့် မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်ကြမည့် မြို့နယ်အတွက် အကောင်းဆုံး၊ အသန့်ရှင်းဆုံးနှင့် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ကြ ရန်လိုအပ်ကြောင်း ပြောကြားပြီး ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် မြို့နယ်ပေါင်းစုံမှ ဘောလုံးအသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ဖွင့်ပွဲ အထိမ်းအမှတ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးသင်တန်းများမှ ကျောင်းသူလေးငယ်များ က Physical Fitness Dance အကဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြ ကျောင်းသူလေးများအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသ ခံဘောလုံးအားကစားဝါသနာရှင်များက အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ပူတာအိုမြို့နယ်အသင်းနှင့် မချမ်းဘောမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ ကြသည်။

          အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှ ဘောလုံးအသင်း (၁၀)သင်းဖြင့် ကျင်းပပြုလုပ်သွာမည်ဖြစ်ပြီး ဆုရရှိသည့်အသင်းများအား ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။