ကချင်ပြည်နယ်ဝန်ကြီးချုပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း(PPTT) ၈/၂၀၂၂ သင်တန်းဖွင့်ပွဲသို့ သင်တန်းသားများအား သွားရောက်တွေ့ဆုံအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း(PPTT) ၈/၂၀၂၂ သင်တန်းဖွင့်ပွဲသို့ သင်တန်းသားများအား သွားရောက်တွေ့ဆုံအားပေး

မြစ်ကြီးနား     စက်တင်ဘာ ၁၄      

          ကချင်ပြည်နယ် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်အနေဖြင့် ဆရာအတတ်ပညာရရှိရေး အတွက် ဒေသခံများအား လေ့ကျင့်ပြုစုပျိုးထောင်ခြင်းကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) ၈/၂၀၂၂ သင်တန်းသား များအား ကြိုဆိုခြင်းနှင့်အတူ သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ကောလိပ် အတွင်းရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမ ဒေါ်ဥမ္မာမြင့်က ကောလိပ်မှ ဆရာများ လေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးနေမှုအခြေအနေများနှင့် သင်တန်းသားများ အား ကြိုဆိုနှုတ်ဆက်စကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သင်တန်းသား/ သင်တန်းသူများအား ယခု လို ဆရာ/ ဆရာမများကို မွေးထုတ်ပေးခြင်းသည် မွန်မြတ်သော လုပ်ငန်းတစ်ခုဖြစ်သလို အနာဂတ် အတွက်အင်မတန်တန်ဖိုးကြီးမားသည့် လုပ်ငန်းတစ်ရပ်အကောင်အထည်ဖော်နေခြင်းဖြစ်ပါကြောင်း၊ မှန်ကန်သောလူမှုအဖွဲ့အစည်းသည်အမြဲသင်ယူနေသော လူမှုအဖွဲ့အစည်းဖြစ်သည့်အတွက် စဥ်ဆက် မပြတ်သင်ယူမှုကို စိတ်ဝင်စားသော ကလေးငယ်များ လေ့ကျင့်မွေးထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ ပညာရေး၏ အဓိကတာဝန်တစ်ရပ်ဖြစ်သည့် ကိုယ်ချင်းစာတရား၊ အပြုသဘောဆောင်ဆက်ဆံတတ် သည့် လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရေးနှင့် အနာဂတ် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာ အောင် ပြုစုပျိုးထောင် လေ့ကျင်သင်ကြားပေးရမှာဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက ၁.၉.၂၀၂၂ ရက်နေ့မှ ၃၁.၁၀.၂၀၂၂ ရက်နေ့ (၂)လကြာ လုပ်ငန်းခွင်အကြို ဖွင့်လှစ် သင်ကြားသွားမည့် မူလတန်းပြဆရာ၊ ဆရာမ (၂၇၈) ဦးတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြကြောင်း သိရှိရသည်။