ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါအချက် အလက်များ Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်း များဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေး၊ ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါအချက် အလက်များ Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်း များဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေး၊ ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     စက်တင်ဘာ ၁၅

          ကချင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်းကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်အတွင်းရှိ ဝန်ထမ်းများဖြင့် စုဖွဲ့ဆောင်ရွက် လျက်ရှိရာ စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့် ညှိနှိုင်းဆွေးနွေး၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။  

          ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့ညွှန်ကြားရေးမှူးတို့သည် ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံ (၆၆/၆)ပါ အချက်အလက်များအား Software Programဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ သတ်မှတ်ထားသည့် လျာထား အိမ်ထောင်စုများစာရင်းများ ရာနှုန်းပြည့်‌ရေးသွင်းပြီးစီးမှု အခြေအနေ များနှင့် မြေပြင်ရှိစာရင်းနှင့် စိစစ်တိုက်ဆိုင်ရေးသွင်းနေမှုအခြေအနေများကို ပေါင်းစပ်ညှိနှိုင်းဆွေး နွေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်အတွင်းရှိ ဝန်ထမ်း များက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများအလိုက် မြေပြင်စာရင်းနှင့် ရုံးလက်ခံ အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်တိုက်ဆိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းပုံ (၆၆/၆) ပါအချက်အလက်များအား Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်း ခြင်းလုပ်ငန်းများ စုဖွဲဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က လျာထားအိမ်ထောင်စုစာရင်းများ ရာနှုန်းပြည့် ရေးသွင်းပြီးစီးသော်လည်း ရွေးကောက်ပွဲကျင်းပ ရာတွင် မဲစာရင်းများတိကျမှန်ကန်စေရေးအတွက် မြေပြင်စာရင်းနှင့် စနစ်တကျ၊ သေချာစွာ စိစစ် တိုက်ဆိုင်ရေးသွင်းသွားရေးနှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး မေးမြန်းဆွေးနွေးမှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ကချင်ပြည်နယ်အတွင်း အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းပုံ (၆၆/၆)ပါ အချက်အလက် များအား Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်အတွင်းရှိ ဝန်ထမ်းဦးရေ ၁၀၀ ဖြင့် ဇူလိုင် ၁၈ ရက်နေ့မှ စတင်၍ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)နှင့် မြို့နယ်စုပေါင်းရုံးတို့တွင် ဆောင်ရွက်လျက်ရှိရာ လျာထားအိမ်ထောင်စု (၃)သိန်းနီးပါးကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ မြေပြင်စာရင်းနှင့် ရုံးလက်ခံစာရင်းများကို စိစစ်တိုက်ဆိုင် ရေးသွင်းလျက်ရှိကြောင်း သိရှိရသည်။