ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူများ လုံခြုံစိတ်ချမှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းမှုရှိစေရေး CCTV ကင်မရာများနှင့် ပတ်သက်၍ အကြုံပြုရှင်းလင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူများ လုံခြုံစိတ်ချမှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းမှုရှိစေရေး CCTV ကင်မရာများနှင့် ပတ်သက်၍ အကြုံပြုရှင်းလင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၁၅

          ကချင်ပြည်နယ် မြစ်ကြီးနားမြို့နေပြည်သူများ အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ တရားဥပဒေ စိုးမိုးရေနှင့် မြို့တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် မြစ်ကြီးနားမြို့တွင်း တပ်ဆင်အသုံးပြုထား သည့် CCTV ကင်မရာများနှင့် ပတ်သက်၍ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အကြံပြု ရှင်းလင်း ဆွေးနွေးပွဲကို စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          ဆွေးနွေးပွဲတွင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က  ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိစေရေး၊ တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ကာလတွင် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အများပြည်သူ လုံခြုံအေးချမ်းစွာ သွားလာနေထိုင်လုပ်ကိုင် နိုင်ရေးသည် အရေးကြီးပါကြောင်း၊ မြစ်ကြီးနားမြို့ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် CCTV ကင်မရာများ တပ်ဆင်အသုံးပြုခဲ့သော်လည်း ယနေ့ခေတ်နည်းပညာနှင့်အညီ လိုအပ် သည်များကို စနစ်တကျဖြင့် ဆောင်ရွက်နိုင်ရေးအကြံပြု ညှိနှိုင်းဆွေးနွေးကြရန် ပြောကြားသည်။

          ထို့နောက် Venus Rose ကုမ္ပဏီမှ တာဝန်ရှိသူများက CCTV ကင်မရာ များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက နည်းပညာဆိုင်ရာ ကိစ္စရပ် များ၊ Cyber Security ဆိုင်ရာကိစ္စရပ်များ၊ အဆင့်မြှင့်တင် အသုံးပြုဆောင်ရွက်နိုင်မည့် နည်း လမ်းများ၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဆွေးနွေးဆောင် ရွက်ခဲ့ကြကြောင်း သိရှိရသည်။