ကချင်ပြည်နယ်ဝန်ကြီးချုပ် မီးသတ်ဦးစီးဌာန၏ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲနှင့် ငှက်ပျောသီးနှံဆိုင်ရာ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ (GAP)ပညာပေးသင်တန်း ဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ်ပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မီးသတ်ဦးစီးဌာန၏ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲနှင့် ငှက်ပျောသီးနှံဆိုင်ရာ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ (GAP)ပညာပေးသင်တန်း ဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     စက်တင်ဘာ ၂၆

          ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုများ နည်းပါးစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ် ဆယ်ရေးသင်တန်း ဖွင့်ပွဲအခမ်းနားကို စက်တင်ဘာ ၂၆ ရက် နံနက် ၉ နာရီက ပြည်နယ် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မျက်မှောက်ခေတ်ကာလတွင် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ငလျင်ဘေးအန္တ ရာယ်အပါအဝင် သဘာဝဘေးအန္တရယ်များ မကြာခဏဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် မီးသတ် တပ်ဖွဲ့ဝင်များအပြင် မိတ်ဖက်အဖွဲ့အစည်းများအားလုံးက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစွမ်းဆောင် ရည်များ ပိုမိုတိုးတက်မြှင့်မားလာအောင် လေ့ကျင့်သင်ကြား/သင်ယူသွားရမည်ဖြစ်ကြောင်း တိုက် တွန်းမှာကြားသည်။

          ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဂုဏ်ပြုဗီဒီယိုမှတ်တမ်းကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၇ ရက်နေ့အထိ သင်တန်း တက်ရောက်လာကြသည့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သင်တန်းသား ၅၀ ဦးတို့က သင်တန်းနည်းပြများ၏ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများတွင် ပိုလန်နိုင်ငံထုတ် Heavy Rescue & Towing Vehicle ယာဉ်ဖြင့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ဆီမီးလောင်မှု မီးငြိမ်သတ်ခြင်း၊ အထပ်မြင့် မီးသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခြင်းလုပ်ငန်းများ လေ့ကျင့်သရုပ် ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်မီးသတ်ဦးစီးမှူးရုံးအတွင်း ပြသထားသည့် ရှာဖွေကယ်ဆယ် ရေးသုံးအဆင့်မြှင့်ပစ္စည်းများ ပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ပြည်နယ်အတွင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ (၃၂)ခုမှ တာဝန်ရှိသူများအား စက်တင်ဘာ ၂၆ ရက် မှ ၂၈ ရက်နေ့အထိ (၂)ရက်ကြာဖွင့်လှစ်သင်ကြားသွားမည့် ငှက်ပျော်သီးနှံဆိုင်ရာစိုက်ပျိုး‌ရေး အလေ့အကျင့်ကောင်းများ (GAP)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တစ်သျှူးငှက်ပျောစိုက်ပျိုးထုတ် လုပ်တင်ပို့ရေးလုပ်ငန်းသည် ပြည်နယ်၏ လယ်ယာထွက်ကုန်ကဏ္ဍတွင် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်ပါကြောင်း၊ အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျပြီး ယခုအခါ တရုတ်နိုင်ငံ၏ GACC အဖွဲ့တွင် စနစ်တကျမှတ်ပုံတင်ရန် လိုအပ်ပြီး စိုက်ပျိုးထုတ်လုပ်သူများ၊ တင်ပို့ရောင်းချသူ များနှင့် ဌာနဆိုင်ရာအပိုင်းတို့နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (SOP)များကိုလည်း ပြဌာန်းထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငှက်ပျောသီးနှံဆိုင်ရာ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ စံလုပ်ထုံး လုပ်နည်းများကို တိတိကျကျလိုက်နာဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးဇော်လင်းက နယ်စပ်ဖြတ်ကျော်အပင်ပိုးမွှားထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ပြီး ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ အကျယ် တဝင့်ရှင်းလင်းတင်ပြသည်။

အဆိုပါ သင်တန်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာ ဏာပိုင်အဖွဲ့ (GACC)တွင် မှတ်ပုံတင်ထားသော ငှက်ပျောစိုက်ပျိုးသည့်ကုမ္ပဏီ ၃၂ ခုမှ သင်တန်းသား များအား တရုတ်ပြည်သို့ ငှက်ပျောတင်ပို့ရာတွင် တရုတ်ပြည်မှ ကန့််သတ်ထားသော ပိုးမွှား (၇)မျိုး၊ ရောဂါ (၁)မျိုးနှင့် စားသုံးသူ ထိခိုက်စေသော အဆိပ်အတောက်၊ ဓာတုပစ္စည်းများပါဝင်မှု မကျော်လွန်စေရန် ကန့်သတ်ချက်များကို လိုက်နာနိုင်ရေး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး ဖွင့်လှစ်ပို့ချပေး သွား မည်ဖြစ်ကြောင်း သိရှိရသည်။